Healthy Life Ad
Health Tips

အားလပ်ရက်တွင် ကျန်းမာစေမည့်နည်းလမ်းများ

(၁) နံနက်ခင်းမှာလေ့ကျင့်ခန်း စောစောထလုပ်ပါ။

(၂) အရက်ကိုမသောက်ရင် အကောင်းဆုံးပါ။ မသောက်ဘဲမနေနိုင်ရင် တတ်နိုင်သမျှ လျှော့သောက်ပါ။

(၃) အားလပ်ရက်မှာ အစာစားတဲ့အခါ အလုပ်လုပ်တဲ့နေ့ရက်တွေမှာ စားသလိုပဲစားပေးပါ။

(၄) အပြင်ထွက်တဲ့အခါ ဒါမှမဟုတ် ပွဲလမ်းသဘင်တွေသွားတဲ့အခါ ဗိုက်ဆာနေတဲ့အနေအထားနဲ့ မသွားပါနဲ့။ ဗိုက်ဆာနေရင် အလွန်အမင်းစားမိတတ်လို့ပါ။

(၅) အချိန်ပေးပြီး အပန်းဖြေပါ၊ အနားယူပါ။

(၆) တစ်နေ့မှာအိပ်ချိန် ခုနစ်နာရီလောက်ပေးပြီး အပြည့်အဝ အိပ်စက်အနားယူပါ။

(၇) ဆောင်းနံနက်ခင်းမှာအပြင်ထွက်ပြီး နေခြည်နုနု ခံယူပါ၊ စိမ်းလန်းတဲ့သစ်ပင်တွေကို ကြည့်ပါ။

(၈) နောက်တစ်ပတ်တာအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ပါ။

(၉) တနင်္ဂနွေမှာတစ်နေ့လုံး အိပ်စက်နေတာမျိုး၊ ပျင်းရိထိုင်းမှိုင်းနေတာမျိုး ရှောင်ပါ။ အဲဒီနေ့မှာ လန်းဆန်းတက်ကြွနေမှ နောက်တစ်ပတ်တာကာလလုံး အလုပ်တွင်ကျယ်နေစေမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top