Healthy Life Ad
News

အိပ်ရာနိုးနိုးချင်း ခြေထောက်ထောက်လို့မရတဲ့ ဝေဒနာ . .

မေး – အိပ်ရာက နိုးနိုးချင်း ခြေထောက်က ထောက်လို့ မရပါဘူး။ တအားနာပါတယ်။ ခြေထောက်က ဖြည်းဖြည်းချင်း စမ်းပြီးမှ လျှောက်လို့ရတယ်။ ဘာကြောင့် ပါလဲ။ ဘာလုပ်သင့်ပါသလဲ ဆရာ။
သန္တာလွင်၊ အင်းစိန်။

မေး – အိပ်ရာထဲမှာ အိပ်တဲ့ အနေအထားက ခြေထောက်ကိုဖိပြီး အိပ်မိရင် အိပ်ရာထတဲ့အခါ ဒီလို အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတလေကျ လို့ရှိရင် အသက် ၅၀ကျော် ၆၀ ဝန်းကျင်မှာ အိပ်ရာထရင် ခြေထောက်တစ်ဖက်က တင်ပဆုံကနေ ပေါင်၊ ခြေသလုံးအထိ ထိုးကိုက်သွားပါတယ်။ ဒါက ခါးအာရုံကြော ညပ်လို့ ဖြစ်တာပါ။ နည်းနည်းလေး သွေးပူသွားရင် သက်သာသွားတတ်ပါတယ်။ ဒီလိုအခြေအနေက စမ်းသပ်ပြီးမှ သိနိုင်တာကြောင့် ဆရာဝန်နဲ့ ပြပြီး သင့်တော်တဲ့ ကုသမှု လုပ်ဖို့ အကြံပြုလိုပါတယ်။

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး) မှ ဖြေကြားသည်၊

Most Popular

Healthy Life Ad
To Top