Healthy Life Ad
Health Tips

ခြေသလုံးကြွက်တက်ခြင်းအတွက် သဘာဝအိမ်တွင်းကုထုံးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ခြေသလုံးကြွက်တက်တဲ့ ဝေဒနာ မကြာခဏ ခံစားနေရသူတွေအတွက် လွယ်ကူပြီးသက်သာအောင် မိမိဘာသာ ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

♦ အိပ်ရာမဝင်ခင် နွားနို့ပူပူတစ်ခွက် သောက်တာက ခြေသလုံးကြွက်တက်တဲ့ ဝေဒနာကို သက်သာစေတဲ့ ထိရောက်တဲ့နည်းပါ။

♦ အိပ်ရာမဝင်ခင် ကြက်သီးနွေးရေချိုးတာက ခြေသလုံးကြွက်တက်တာကို သက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ကြွက်တက်ပြီး နာကျင်နေတဲ့ ခြေသလုံးနေရာကို ကြက်သီးနွေးရေများများ လောင်းချပေးရပါမယ်။

♦ အိပ်ရာထဲရှိနေချိန်မှာ တတ်နိုင်သလောက် ခြေထောက်ကို ဆွဲဆန့်ပေးပါ။ ပြီးရင် အဲဒီအနေအထားနဲ့ နာရီဝက်ခန့် နေပေးပါ။ မတ်တပ်ရပ်နေစဉ် ခြေဖနောင့်ကို ကြမ်းပြင်ပေါ်ချထားပေးပြီး ခြေချောင်းတွေကို အပေါ်ကိုကွေးထားပါ။ ဒါက ခြေသလုံးကြွက်တက်တာအတွက် နည်းလမ်းကောင်း ဖြစ်ပါတယ်။

♦ ခြေသလုံးကြွက်တက်ရင် နံရံပေါ်မှာ ခြေချောင်းတွေဖိထားရင်း ခြေတံကောက်ကြွက်သားတွေကို ဆွဲဆန့်ပေးပါ။

♦ ရေနွေးအိတ်ကို ကြွက်တက်တဲ့ ခြေသလုံးပေါ်တင်ပေးတာကလည်း သက်သာစေတဲ့ နည်းဖြစ်ပါတယ်။

♦ တစ်နေ့ ငှက်ပျောသီး ၂-၃ လုံးစားပါ။ ဒါဆိုရင် ပိုတက်စီယမ်စုပ်ယူမှုရရှိပြီး ကြွက်တက်တာကို သက်သာစေပါတယ်။

♦ တစ်နေ့ ပျားရည်လက်ဖက်စားဇွန်း နှစ်ဇွန်းစားတာကြောင့် ခြေသလုံးကြွက်တက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

♦ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ များများပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။

♦ ခြေသလုံးကြွက်တက်တဲ့နေရာကို လာဗန်ဒါဆီ၊ ယူကလစ်ဆီ စတဲ့ မရှိမဖြစ်ဆီတို့သုံးပြီး နှိပ်ပေးလိုက်ပါ။ ဒီလိုနှိပ်ပြီး ရေနွေးစွတ်ထားတဲ့ တဘတ်တစ်ထည်နဲ့ ပတ်ပေးရပါမယ်။

Most Popular

Healthy Life Ad
To Top