Healthy Life Ad
Health Tips

နွေရာသီပူပြင်းချိန်တွင် သတိပြုလိုက်နာသင့်သည့် နည်းလမ်းကောင်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ပူစပ်သည့် အစားအသောက်များ ရှောင်ပါ
ပူတဲ့ရာသီမှာ အပူအစပ်တွေရှောင်ရပါမယ်။ အဲဒီအစားအသောက်တွေက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို မြင့်တက်စေတဲ့အတွက် အပူအစပ်လွန်ကဲတဲ့ အစားသောက်တွေကို ရှောင်သင့်ပါတယ်။

ယင်နားစာများ ရှောင်ပါ
ရာသီဥတုပူတဲ့အချိန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်လွယ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့ အတွက်ကြောင့် ယင်နားစာတွေ မစားသောက်ဖို့လိုပါတယ်။ နောက်တစ်ခုက အစာအဆိပ်သင့်ဖြစ်လွယ်တဲ့အတွက် ချက်ပြီး အခန်းအပူချိန်မှာ ကြာသွားတဲ့ အစာတွေကို မစားသင့်ပါဘူး။

ဟင်းသီးဟင်းရွက်များများ စားပြီး ရေသောက်ပါ
ပူတဲ့အချိန်မှာ ဟင်းသီးဟင်းရွက်များများစားပြီး ရေများများသောက်သင့်ပါတယ်။ ပူတဲ့အချိန်မှာ အနည်းဆုံး ရေရှစ်ခွက်လောက်သောက်သင့်ပါတယ်။ သစ်သီးဖျော်ရည် သောက်သင့်ပါတယ်။

ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန် ဆောင်ပါ
ချွေးထွက်များတဲ့သူတွေက တအားပူတဲ့ အချိန်တွေမှာ နေပူထဲမသွားလာသင့်ပါ။ ချွေးထွက် များလွန်းရင် မူးလဲတဲ့အထိဖြစ်တတ်ပါတယ်။ အပြင်ကိုမဖြစ်မနေ သွားလာရတဲ့အခါမှာ ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို ဆောင်ထားဖို့လိုပါတယ်။

လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးသည့် ချည်သားဝတ်စုံများ ဝတ်ပါ
နေရောင်ထဲသွားမယ်ဆိုရင် အရောင်ရင့်တဲ့ အဝတ်အစားတွေ မဝတ်သင့်ပါဘူး။ လေဝင်လေထွက်ကောင်းတဲ့ အဝတ်တွေကိုပဲ ဝတ်သင့်ပါတယ်။ ချောင်ချောင်ချိချိ ပေါ့ပေါ့ပါးပါးဝတ်သင့်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ထက် အပြင်ရာသီဥတုက ပိုပူလာတဲ့အခါ မှာ ခန္ဓာကိုယ်ထဲကိုအပူချိန် မြင့်တက်မလာအောင် ချွေးထွက်စေတဲ့ နည်းနဲ့အပူချိန်ကို လျှော့ပါတယ်။ အဲဒါကြောင့် လေဝင်လေထွက်ကောင်းပြီး ချွေးပြန်လွယ်စေတဲ့ အရောင် ဖျော့ဖျော့၊ ချောင်ချောင်ချိချိ အဝတ်အစားကို ဝတ်ရပါမယ်။

Most Popular

Healthy Life Ad
To Top