Healthy Life Ad
Health Tips

ဦးနှောက်စွမ်းအားကို ကောင်းမွန်စေသည့် အကောင်းဆုံး ဗီတာမင်များ

၊ ငွေကြယ်စင်ယံ ၊

မှတ်ဉာဏ်ကောင်းမွန်စေပြီး ဦးနှောက်အစွမ်းမြင့်တက်စေဖို့ ဗီတာမင်လေးမျိုးက ထိရောက်ပါတယ်။

v4
– ဗီတာမင်အီး

ဗီတာမင်အီးဟာ ဦးနှောက်နဲ့အာရုံကြောတွေကို ကာကွယ်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗီတာမင်အီးပါတဲ့ အစာတွေစားရင် အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်းကို ကြန့်ကြာစေပါတယ်။

ကန်စွန်းဥ၊ ကောက်နှံတစ်ခုလုံးအစာ၊ အခွံမာစေ့နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်အီးပါဝင်မှု များပါတယ်။

v2

– ဗီတာမင်စီ

ဖရီးရယ်ဒီကယ်တွေက ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေနိုင်တဲ့ အက်တမ်နဲ့မော်လီကျူးတွေ ဖြစ်ကြပါတယ်။ ဒါတွေကခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်အပါအဝင် ဓာတုတုန့်ပြန်မှုကြောင့် ထွက်လာတဲ့အရာတွေ ဖြစ်ပါတယ်။ ဗီတာမင်စီလို အင်တီအောက်ဆီးဒင့်ကို အလုံအလောက်မှီဝဲတာကြောင့် ကိုယ်တွင်းစနစ်ကနေ ဖရီးရယ်ဒီကယ်လ်ကို စွန့်ထုတ်ပေးနိုင်စွမ်း ရှိစေပါတယ်။ ဗီတာမင်စီ အလုံအလောက်မှီဝဲတာကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို အားကောင်းစေပါတယ်။

လိမ္မော်သီးနဲ့ ပဲသီးအပါအဝင် သစ်သီးဝလံမျိုးစုံမှာ ဗီတာမင်စီပါဝင်မှု များပါတယ်။

v3

– ဗီတာမင် B12

ဗီတာမင် B12 ဟာ အာရုံကြောဆဲလ်တွေရဲ့ ကျန်းမာရေးကိုကောင်းမွန်စေပြီး ဦးနှောက်မှတ်ဉာဏ်ကောင်းစေကာ စိတ်ဓာတ်ကျတဲ့ခံစားချက်တွေကို သက်သာစေပါတယ်။ မှတ်သားနိုင်စွမ်းကောင်းမွန်ပြီး ဦးနှောက်စွမ်းရည်ကောင်းစေတာက ဦးနှောက်နဲ့အာရုံကြောအမျှင်တွေကို ကာကွယ်ပေးတဲ့ မိုင်လင်ထုတ်လုပ်မှု အားကောင်းစေလို့ ဖြစ်ရတာပါ။

အမဲသား၊ ဝက်သား၊ ငါးနဲ့ အသားတွေမှာ ဗီတာမင် B12 ပါဝင်မှုများပါတယ်။

v1

– ဖောလစ်အက်ဆစ်

သွေးထဲမှာပါတဲ့ ဟိုမိုစစ္စတင်းအဆင့်ကို ဖောလစ်အက်ဆစ်က ထိန်းချုပ်ထားပါတယ်။ ဟိုမိုစစ္စတင်းအဆင့်မြင့်တက်ရင် ဦးနှောက်ဆဲလ်တွေ ထိခိုက်မှုဖြစ်တတ်တဲ့အတွက် ဟိုမိုစစ္စတင်းအဆင့်ကို ထိန်းချုပ်နိုင်ဖို့ ဖောလစ်အက်ဆစ်ကို အလုံအလောက် မှီဝဲပေးသင့်ပါတယ်။ ဖောလစ်အက်ဆစ်မှီဝဲတဲ့အတွက် မှတ်ဉာဏ်ရေတိုဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် (ဥပမာ ဟင်းနုနယ်ရွက်)၊ ပဲနီလေး စတာတွေမှာ ဖောလစ်အက်ဆစ်ပါဝင်မှု များပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top