Healthy Life Ad
Health Tips

ကျောက်ကပ်ဝေဒနာရှင်တို့ စားသင့်သည့်အာဟာရများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

ကျောက်ကပ်ရဲ့အဓိကလုပ်ငန်းမှာ ခန္ဓာကိုယ်အတွင်းက စွန့်ပစ်ပစ္စည်းတွေကို ပြင်ပသို့စစ်ထုတ်ပေးဖို့ ဖြစ်ပါတယ်။ ကျောက်ကပ်က အပြည့်အဝအလုပ်မလုပ်တဲ့အခါ ဆီးနဲ့အတူခန္ဓာကိုယ်ပြင်ပသို့ ထွက်သွားလေ့ရှိတဲ့ စွန့်ပစ်ပစ္စည်း (အညစ်အကြေး) တွေဟာ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတတ်ပါတယ်။ ကျောက်ကပ်ဆေးတဲ့နည်း (Haemodialysis) နဲ့ ခန္ဓာကိုယ်အတွင်းရှိ စွန့်ပစ်ပစ္စည်းတွေနဲ့ မလိုအပ်တဲ့အရည်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာတဲ့ကျောက်ကပ်တွေလောက် စွန့်ပစ်ပစ္စည်းတွေကို စွန့်မပေးနိုင်ပါဘူး။ ကျောက်ကပ်ဆေးတာ တစ်ခုနဲ့တစ်ခုကြားကာလမှာ စွန့်ပစ်ပစ္စည်းတွေ ပြန်လည်များပြား လာတတ်ပြန်ပါတယ်။ ကျောက်ကပ်ဆေးခံရသူတွေဟာ အစားအသောက်ကို အောက်ပါအတိုင်း ထိန်းသိမ်းစားသောက်ရပါမယ်။

(၁) ပုံမှန် အသားဓာတ် (Protein) ကို စားသုံးခြင်း၊

(၂) မီးစုန်းဓာတ် (Phosphate) ကိုကန့်သတ်ပေးခြင်း၊

(၃) ပိုတက်ဆီယမ်ကို ကန့်သတ်ပေးခြင်း၊

(၄) အရည် (Fluid) ကို ကန့်သတ်ပေးခြင်း၊

(၅) လုံလောက်သော စွမ်းအားယူနစ် (Calories) ကို စားသုံးပေးခြင်း။

ထိန်းညှိထားသော အစားအသောက်

သင်စားတဲ့အစားအသောက်မှာ အစားအစာတစ်အုပ်စုစီမှ မှန်ကန်တဲ့အချိုးအစား ပါဝင်နေသင့်ပါတယ်။

– ထမင်းနဲ့ တခြားအလားတူ စားစရာများ (ကော်ဓာတ်ပါတဲ့ အစားအစာ)

– အသားနဲ့ တခြားအလားတူ စားစရာများ (အသားဓာတ်ပါတဲ့ အစားအစာ)

– ဟင်းသီးဟင်းရွက်များ၊

– သစ်သီးအမျိုးမျိုး

သင့်အတွက် ဆေးဖက်ဆိုင်ရာလိုအပ်ချက်တွေအတိုင်း သင်ရဲ့ကျောက်ကပ်ရောဂါဆိုင်ရာ အာဟာရအကြံပေးသူက သင့်တော်တဲ့အချိုးအစားနဲ့ အစားအစာအုပ်စုတစ်ခုချင်းရဲ့ အမျိုးအစားတွေကို အကြံပေးပါလိမ့်မယ်။

(၁) ပုံမှန်အသားဓာတ်ကို စားသုံးခြင်း

အသားဓာတ်ကို တိရစ္ဆာန်အသားနဲ့ အသီးအနှံက ရယူနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အသားမျှင်တွေကို ထိန်းသိမ်းရေးနဲ့ ပြန်လည်ပြင်ဆင်ရေးအတွက် အသားဓာတ်လိုအပ်ပါတယ်။ ဒါပေမဲ့သွေးထဲမှာ ယူရီးယား / ခရစ်ယာတနင်းလို အသားဓာတ်ရဲ့ စွန့်ပစ်အညစ်အကြေးတွေစုမိပြီး ပမာဏမြင့်တက်လာတဲ့အခါ နေထိုင်မကောင်းဖြစ်လာပြီး ပင်ပန်းနွမ်းနယ်လာပါတယ်။ တစ်ဖက်ကကြည့်ရင် အသားဓာတ်မလုံလောက်တဲ့အခါ ရောဂါကူးစက်နိုင်တဲ့အခြေအနေ တိုးလာပြီး ကြွက်သားလျော့ပါးတာနဲ့ အနာကျက်နှေးတာစတဲ့ ဆိုးကျိုးတွေရနိုင်ပါတယ်။ ဒါကြောင့် အသားဓာတ်ကိုပမာဏနဲ့ အမျိုးအစားမှန်မှန် စားပေးသင့်ပါတယ်။

media1

media2

media4

ဆက်လက်ဖော်ပြပါမည်။

Most Popular

Healthy Life Ad
To Top