Healthy Life Ad
Health Tips

နေကြာဆီအကြောင်း

နေကြာဆီဟာ နေ့ကြာစေ့ကနေ ထုတ်လုပ်ထားတဲ့ ဆီဖြစ်ပြီး ကြော်ဖို့အတွက် အများအားဖြင့် အသုံးပြုလေ့ရှိပါတယ်။ အလှကုန် ပစ္စည်းတွေထဲမှာ အသားအရေ ချောမွေ့ဖို့လည်း သုံးကြပါတယ်။

နေကြာဆီမှာ ကိုလက်စထရောနဲ့ ဆိုဒီယမ် ပါဝင်မှုမရှိပါဘူး။

နေကြာဆီက အရသာအားဖြင့် ပေါ့ပါးပေမယ့် တခြားဟင်းသီး ဟင်းရွက်ဆီတွေထက် ဗီတာမင်အီး ပါဝင်မှု ပိုများပါတယ်။

နေကြာဆီမှာ မိုနိုမပြည့်ဝဆီနဲ့ ပိုလီမပြည့်ဝဆီတို့ ပေါင်းစပ်ပါဝင်ပြီး ပြည့်ဝဆီ ပါဝင်မှု နည်းပါတယ်။

နေကြာဆီက အခန်းအပူချိန်မှာ မခဲတဲ့ အမျိုးအစားဖြစ်ပြီး အငွေ့မပြန်ပေမယ့် အလင်းရောင် တောက်ပတဲ့ နေရာမှာ မထားသင့် ပါဘူး။

Most Popular

Healthy Life Ad
To Top