Healthy Life Ad
Q & A

သတ်မှတ်ရက်လွန် နေကြာဆီစားမိရင်

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

Q. တစ်လကျော်ခန့် သတ်မှတ်ရက်လွန် ပြည်ပနိုင်ငံကထုတ်တဲ့ နေကြာဆီတစ်မျိုးကို တစ်ခါတစ်ရံ စားသုံးမိရင် ဘာဖြစ်တတ်ပါသလဲ။ အသည်းကင်ဆာဖြစ်တတ်လား၊ အသည်းရောင်အသားဝါဘီပိုး ဖြစ်မှာလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

A. ရက်လွန်နေကြာဆီစားမိလို့ သေချာတာကတော့ အသည်းရောင်အသားဝါဘီပိုး ဖြစ်စရာအကြောင်း မရှိပါဘူး။ ရက်လွန်ဆိုတဲ့အပိုင်းမှာ နှစ်ပိုင်းထပ်ခွဲလို့ရပါတယ်။ တစ်ခါတလေ ရက်လွန်နေပေမယ့် ထားသိုမှုကောင်းရင် အရောင်အဆင်းမပြောင်းဘူး၊ အနံ့အသက်မပြောင်းဘူး၊ အရသာမပြောင်းဘူး . . အဲဒီလိုပြောင်းလဲမှုမရှိရင် စားမိလည်း အန္တရာယ်ဖြစ်နိုင်ခြေ နည်းပါတယ်။ ရက်လွန်တာပဲဖြစ်ဖြစ်၊ ရက်မလွန်သေးတာပဲဖြစ်ဖြစ် အနံ့အသက်မကောင်းဘူး၊ ခဲနေမယ်၊ အရသာကလည်း ပျက်နေမယ်ဆိုရင်တော့ အဲဒါစားပြီး ပျို့အန်တာဖြစ်တတ်တယ်၊ ခန္ဓာကိုယ်ထဲရောက်သွားရင် ပုံမှန်အဆိပ်အတောက်တွေ ဖယ်ရှားပေးတဲ့ အင်္ဂါအစိတ်အပိုင်းနှစ်ခုဖြစ်တဲ့ အသည်းနဲ့ကျောက်ကပ်ကို နည်းနည်းပါးပါး ထိခိုက်နိုင်ပါတယ်။ အဆီဖြစ်တဲ့အတွက် သွေးကြောဆိုင်ရာ ပြဿနာလေးတွေလည်း ကြာလာရင် ဖြစ်နိုင်ခြေရှိပါတယ်။

Most Popular

Healthy Life Ad
To Top