Healthy Life Ad
Men

ဝှေးစေ့အောင့်ခြင်း

မေး. ရိုင်းတယ်လို့မထင်ပါနဲ့ ဆရာ။ ကျွန်တော် ဝှေးစေ့အောင့်နေလို့ပါ ခင်ဗျာ။
အောင်အောင်

အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးပါမောက္ခဦးကိုကို ဖြေကြားသည်

ဖြေ. ဝှေးစေ့အောင့်တာကို Orchitis လို့ ခေါ်ပါတယ်။ ဒါက ဝှေးစေ့တစ်လုံး ဒါမှမဟုတ် နှစ်လုံးရောင်ရမ်းတဲ့ အခြေအနေဖြစ်ပြီး ဘက်တီးရီးယားပိုးဝင်တာ ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်တာကြောင့် ဝှေးစေ့ရောင်တာက လိင်မှတစ်ဆင့် ကူးစက်ပိုးဝင်တာ၊ အထူးသဖြင့် ဂနိုဆီးပူညောင်းကျရောဂါပိုး ဒါမှမဟုတ် ကလာမိုင်ဒီးယားပိုးကြောင့် ဖြစ်တတ်ပါတယ်။ ဝှေးစေ့ရောင်တဲ့အခါ လက္ခဏာတွေက ရုတ်တရက်ဖြစ်ပေါ်တတ်ပြီး ဝှေးစေ့တစ်လုံး ဒါမှမဟုတ် နှစ်လုံးရောင်တာ၊ အောင့်တာ၊ နာတာ၊ တင်းတာ စတာတွေဖြစ်တတ်သလို အဲဒီလက္ခဏာတွေနဲ့အတူ ဖျားတာ၊ ပျို့ချင်အန်ချင်စိတ် ပေါ်တာနဲ့ ပျို့အန်တာတွေလည်း ဖြစ်တတ်ပါတယ်။

ကပ္ပာယ်အိတ် ရောင်ရမ်းနာကျင်မှုဖြစ်ရင်၊ နာကျင်တာက ရုတ်တရက်ထဖြစ်ရင် ဆရာဝန်နဲ့ချက်ချင်း ပြသသင့်ပါတယ်။ ဝှေးစေ့အောင့်ပြီး နာကျင်စေတဲ့ အကြောင်းရင်းပေါ်မူတည်ကာ တချို့ကုသမှုတွေကို ချက်ချင်းပြုလုပ်သင့်ပါတယ်။

ဝှေးစေ့အောင့်နေ၊ နာနေရင်သက်သာစေဖို့ –

– အိပ်ရာထဲမှာ နားနေရပါမယ်။

– ကပ္ပာယ်အိတ်တစ်ဝိုက်ကို ရေခဲဝတ်ကပ်ပေးရပါမယ်။

– လေးလံလွန်းတဲ့ အသုံးအဆောင်တွေကို သယ်မတာမျိုး မလုပ်ရပါဘူး။

အခုလောလောဆယ်မှာ ဝှေးစေ့အောင့်တဲ့ ဝေဒနာသက်သာရာရစေဖို့ Cifran လို ပဋိဇီဝပိုးသတ်ဆေး တစ်မျိုးကို ၅၀ဝ မီလီဂရမ်ကို မနက်တစ်လုံး၊ ညတစ်လုံး ၁၀ ရက်လောက် သောက်ဖို့လိုပါတယ်။ ပြီးတော့ ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတစ်မျိုးကို တွဲသောက်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top