Healthy Life Ad
Life Style

ကိုယ့်တိုးတက်မှုကို ပိတ်ပင်နေတဲ့သူ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

တစ်နေ့မှာ ရုံးဝန်ထမ်းတွေအားလုံး ရုံးခန်းကိုရောက်လာတော့ ရုံးခန်းတံခါးဝမှာရေးထားတဲ့ စာတစ်စောင်ကို မြင်တွေ့လိုက်ရတော့တယ်။
“မနေ့က ဒီကုမ္ပဏီမှာသင့်တိုးတက်မှုကို ပိတ်ပင်နေတဲ့သူ ကွယ်လွန်သွားပါပြီ . . ဒါကြောင့် အားကစားခန်းမထဲမှာပြင်ဆင်ထားတဲ့ အသုဘအခမ်းအနားကို လာရောက်ဖို့သင့်ကို ဖိတ်ခေါ်ချင်ပါတယ်”

အစပိုင်းမှာ ကုမ္ပဏီဝန်ထမ်းတွေအားလုံးဟာ သူတို့လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်သေဆုံးသွားတယ်လို့ထင်ပြီး စိတ်မကောင်းဖြစ်သွားခဲ့ကြတယ်. . ဒါပေမဲ့ ခဏအကြာမှာတော့ သူတို့တိုးတက်မှုကို ပိတ်ပင်နေတဲ့သူက ဘယ်သူလဲဆိုတာ စူးစမ်းသိလိုစိတ်ပြင်းပြစွာနဲ့ အားကစားခန်းမထဲကို အပြေးအလွှား ဝင်ရောက်ခဲ့ကြတော့တယ်။

အားကစားခန်းမထဲမှာ လူစုလူဝေးကိုထိန်းချုပ်ဖို့ လုံခြုံရေးက ထိန်းနေရပါတယ်။ လူတွေက ခေါင်းတလားနား ရောက်လာလေ၊ စိတ်တွေပို လှုပ်ရှားနေကြလေပါပဲ။

“ငါ့တိုးတက်မှုကို ပိတ်ပင်နေတဲ့သူက ဘယ်သူပါလိမ့်” ဆိုတဲ့ လူတိုင်းရဲ့စိတ်ထဲမှာ အတွေးကိုယ်စီနဲ့ပေါ့ . .”ဘာပဲဖြစ်ဖြစ်လေ. . သူ သေသွားပြီပဲ” ဆိုပြီး သက်ပြင်းချလိုက်ကြတယ်။

တစ်ယောက်ပြီးတစ်ယောက် ခေါင်းတလားထဲတိုးကပ်သွားပြီး အထဲမှာရှိနေတဲ့အရာကို ကြည့်ကာ စကားမပြောနိုင်ဘဲ ကြက်သေသေ သွားခဲ့ကြတယ်။ ပြီးတော့တိတ်တဆိတ် ပြန်ထွက်သွားခဲ့ကြတော့တယ်။

တကယ်တော့ ခေါင်းတလားထဲမှာ မှန်တစ်ချပ်ရှိနေခဲ့ပြီး လူတိုင်းဝန်ထမ်းတိုင်းဟာ သူတို့ကိုယ်သူတို့ တွေ့မြင်လိုက်ရလို့ပါပဲ။

မှန်ရဲ့ ဘေးကပ်လျက်မှာ ရေးထားတာက-

“သင့်တိုးတက်မှုကိုပိတ်ပင်နေတဲ့ အကြီးမားဆုံးရန်သူက တစ်ဦးတည်းပဲရှိပါတယ်။ အဲဒီသူက “သင်” ပါပဲ. . သင်က သင့်ပျော်ရွှင်မှု၊ သင့်လုပ်ကိုင်နိုင်စွမ်းနဲ့ သင့်အောင်မြင်မှုတွေကို ပိတ်ပင်ဟန့်တားနေတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ သင်ကသာ သင့်ကိုယ်သင် ကူညီနိုင်မယ့်သူဖြစ်သလို သင့်ဘဝကလည်း သင်ကိုယ်တိုင်ပြောင်းလဲအောင် လုပ်ဆောင်မှဖြစ်မှာပါ. . သင့်သူငယ်ချင်း၊ သင့်အလုပ်ရှင်၊ သင့်ကုမ္ပဏီဘယ်လိုပဲ ပြောင်းလဲသွားပါစေ၊ သင့်ဘဝက မပြောင်းလဲပါဘူး။ သင့်ဘဝကို ပြောင်းလဲစေမယ့်သူက သင်ကိုယ်တိုင်ပါပဲ . .”

စာစုက ပေးချင်သော သင်ခန်းစာ

ကမ္ဘာလောကကြီးကလည်း မှန်နဲ့တူပါတယ်။ သင်အခိုင်အမာ ယုံကြည်ထားတဲ့ အတွေးတွေအတိုင်း သင့်ဆီကို ပြန်ရောက်လာမှာပါ။ သင့်ကြိုးစားအားထုတ်မှုအတိုင်း သင်ပြန်လည်ရရှိလာမှာ ဖြစ်လို့ သင့်တိုးတက်မှုကို ပိတ်ပင်ဟန့်တားနေတဲ့ အရာတိုင်းကို မနေ့ကနဲ့အတူ မြှုပ်နှံလိုက်ပြီး ဒီကနေ့မှာပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ဖန်တီးလိုက်ပါလို့ ဒီစာစုက ပညာပေးထားပါတယ်။

Most Popular

Healthy Life Ad
To Top