Healthy Life Ad
Life Style

ကင်မ်ကာဒါရှန်း၏ ကိုယ်ဝန်ဆောင်ပြဿနာအကြောင်း သိကောင်းစရာ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ကင်မ်ကာဒါရှန်းဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး အခက်အခဲရှိခဲ့တယ် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ သူ့ကိုယ်ဝန်ဟာ အချင်းက သားအိမ်နဲ့ ပုံမမှန်တွယ်ဆက်မှု (Placenta Accreta) ရှိနေလို့ပါပဲ။

ကိုယ်ဝန်ဆောင်ချိန် အချင်းက သားအိမ်နှင့် ပုံမှန်မဟုတ်သည့်တွယ်ဆက်မှု ပြဿနာဖြစ်ရသည်မှာ . .

အချင်းက သားအိမ်နဲ့ ပုံမှန်မဟုတ်တဲ့ တွယ်ဆက်မှုရှိနေတဲ့ပြဿနာက ဘာရောဂါလက္ခဏာမှ မပြတတ်ပေမယ့် ပုံမှန်ကိုယ်ဝန်ဆောင်ကာလ စမ်းသပ်စစ်ဆေးချိန်အတွင်း လွဲမှားစွာရောဂါလက္ခဏာ တွေ့ရတတ်ပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ်အတွင်း သွေးဆင်းတာဖြစ်တတ်ပါတယ်။

အရင်ကိုယ်ဝန်တုန်းက ဗိုက်ခွဲမွေးခဲ့တဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်သလို ဗိုက်ခွဲမွေးတဲ့ အကြိမ်ရေများလေလေ အန္တရာယ်ပိုများ လေလေ ဖြစ်ပါတယ်။ သားအိမ်တွင်းကူးစက်ပိုးဝင်တာ၊ တင်ပဆုံတွင်း ရောင်ရမ်းတဲ့ရောဂါဖြစ်တာ စတဲ့ အခြေအနေရှိသူ အမျိုးသမီးတွေမှာလည်းဖြစ်တတ်ပါတယ်။

အဖြစ်များသလား

Placenta Accreta က သားအိမ်ခွဲစိတ်မှု မခံယူဖူးသူတွေမှာတောင် အဖြစ်များပါတယ်။ ဒါကိုမဖြစ်အောင် ကာကွယ်လို့မရနိုင်ပါဘူး။ အရင်က သားအိမ်ခွဲစိတ်ကုသမှု ခံယူဖူးတာ၊ သားအိမ်အသားလုံးရှိတာ၊ ဗိုက်ခွဲကလေးမွေးဖူးတာနဲ့ အချင်းရှေ့ရောက်တာ စတဲ့အခြေအနေရှိသူတွေမှာ အဖြစ်များပါတယ်။

ကုသမှု

အချင်းက သားအိမ်နဲ့ ပုံမှန်မဟုတ်တဲ့ တွယ်ဆက်မှုရှိနေတဲ့ အခြေအနေကို ရောဂါစမ်းသပ်စစ်ဆေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကလေးမွေးချိန်အတွင်း အထူးသတိထားပြီး စောင့်ရှောက်မှု ပေးနိုင်မှာဖြစ်ပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ အဖြစ်များပါတယ်။ ကလေးမွေးပြီးချိန်မှာလည်း သွေးဆုံးရှုံးမှုများတတ်တဲ့အတွက် အထူးသတိထားသင့်ပါတယ်။

အထူးသဖြင့် အသက် ၃၅ နှစ်ကျော်တဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ခြေရှိပါတယ်။
(Ref;TOI)

Most Popular

Healthy Life Ad
To Top