Healthy Life Ad
Q & A

ဂေးတွေနဲ့ပေါင်းသင်းရင် ဂေးစိတ်ဝင်ပြီး ဂေးဖြစ်သွားနိုင်သလား . .

ဒေါက်တာဦးဇော်စိန်လွင် ဆေးရုံအုပ်ကြီး (ငြိမ်း) (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

မေး. ဂေးတွေနဲ့အတူပေါင်းသင်းတာများရင် ဂေးစိတ်ပေါက်သွားနိုင်ပါသလား၊ စကားပြောတာ / ဆိုတာကအစ ကူးစက်သွားနိုင်ပါသလား ဆရာ။

မင်းမင်း၊ လသာ။

ဖြေ. ဒါက ကာယကံရှင်အပေါ် မူတည်ပါတယ်။ ဥပမာပေးမယ်ဆိုရင် ရေစီးကြောင်းတစ်ခုမှာ ရွှံ့ကမ်းပါးတစ်ခုကို ရေစီးကြောင်းတိုက်ရင် အဲဒီကမ်းပါးက ပြိုကျသွားမှာပါပဲ။ ကျောက်ကမ်းပါးကို ရေစီးကြောင်းဝင်တိုက်ရင်တော့ အဲဒီကျောက်ကမ်းပါးက မပြိုနိုင်ပါဘူး။ ဂေးတွေနဲ့ အတူခင်မင်ပေါင်းသင်းပြီး အဲဒါရဲ့သာယာမှုအပေါ် သူဘယ်လောက် အရသာယူသလဲ၊ ဒီပေါ်ကရတဲ့ ကျေနပ်မှု၊ အခွင့်အရေးရမူတွေက ဘယ်လောက်ရှိသလဲ . . ဒါတွေပေါ်မူတည်ပြီး ကူးစက်တတ်ပါတယ်။ ကျန်းမာရေးပညာပေးအနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်ခံအား Resistance ကောင်းရင်တော့ ရောဂါပိုးမကူးပါဘူး၊ ဒါပေမဲ့ ကိုယ်ခံအားမကောင်းရင်တော့ ရောဂါပိုး ကူးတတ်ပါတယ်၊ အဲဒီလိုပါပဲ . . ကိုယ်ရဲ့ ပင်ကိုအခြေခံအပေါ် မူတည်နေပါတယ်။

Most Popular

Healthy Life Ad
To Top