Healthy Life Ad
Health Tips

ယောဂကျင့်သူတို့အတွက် အစာ

၊ လရိပ်မေ ၊

ယောဂကျင့်တာက တချို့လူတွေအတွက် လေ့ကျင့်ခန်းသက်သက်သာမက စိတ်ရောကိုယ်ပါ စွမ်းအင်ရှိစေတဲ့ကျင့်စဉ်လည်း ဖြစ်ပါတယ်။ ယောဂကျင့်နေချိန်မှာ ယောဂကျင့်စဉ် ပိုမိုထိရောက်မှုရှိစေဖို့ သင့်တော်တဲ့အစားအသောက်တွေကို စားပေးရပါမယ်။

– ကောက်နှံတစ်ခုလုံးနှင့် လုပ်ထားသောအစာ စားပါ

ယောဂကျင့်သူဟာ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညို စတဲ့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာတွေကို စားပေးသင့်ပါတယ်။

– အာဟာရဓာတ် အပြည့်ပါသောအစာ စားပါ

ယောဂကျင့်သူဟာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စတဲ့ အာဟာရဓာတ်အပြည့်အဝပါတဲ့ အစာတွေကို စားပေးရပါမယ်။

– အစာကို အလွန်အမင်းမစားရ

ယောဂကျင့်သူဟာ အစာကိုတစ်ခါတည်းနဲ့ အများကြီးမစားသင့်ပါဘူး။

– အရက်ရှောင်ပါ

ယောဂကျင့်သူဟာ အရက်သောက်သုံးမှုကို ရှောင်ရှားသင့်ပါတယ်။

– အဆင်သင့်အစာ မစားသင့်ပါ

ယောဂကျင့်သူဟာ ကျင့်စဉ်ထိရောက်မှုရှိဖို့အတွက် အဆင်သင့်အစာ၊ အဆီအအိမ့်ကဲတဲ့အစာ စတာတွေကို တတ်နိုင်သမျှရှောင်ဖို့ လိုအပ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top