၊ စူး (ဆေးဝါးတက္ကသိုလ်) ၊
ကိုတိုးဟာ အသက်ကြီးရင့်နေပြီဖြစ်တဲ့ ဖခင်နဲ့အတူညစာစားဖို့ စားသောက်ဆိုင်တစ်ဆိုင်ကို ရောက်လာခဲ့ပါတယ်။ ဖခင်ကအလွန်အိုမင်းပြီး အားနည်းနေတဲ့အတွက် ညစာစားတဲ့အခါ အစာတွေက သူ့ရှပ်အင်္ကျီနဲ့ပုဆိုးပေါ် ပြုတ်ကျနေခဲ့ပါတယ်။ အဲဒီလိုဖြစ်တော့ တခြားညစာစားသူတွေက အဘိုးအိုကို စိတ်ပျက်လက်ပျက်ဟန်နဲ့ ကြည့်နေခဲ့ပေမယ့် ကိုတိုးကတော့တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့ပါတယ်။
ညစာစားပြီးတဲ့နောက် စိတ်ပျက်လက်ပျက်ဟန်လုံးဝမရှိတဲ့ ကိုတိုးဟာ ဖခင်စားထားတာကြောင့် ညစ်ပတ်ပေရေနေတဲ့ စားပွဲကိုသန့်ရှင်းပြီး ကြမ်းခင်းပေါ်ကျနေတဲ့ စားကြွင်းစားကျန်တွေကို လှည်းကျင်းသန့်ရှင်း ပေးခဲ့ပါတယ်။
ကိုတိုးဟာဖခင်နဲ့အတူ ငွေရှင်းကောင်တာဆီ လျှောက်သွားတဲ့အထိ စားသောက်ဆိုင်တစ်ဆိုင်လုံးမှာရှိနေတဲ့ ညစာစားသူတွေအပါအဝင် ဝန်ထမ်းတွေက ငြိမ်သက်နေခဲ့ပါတယ်။ ကိုတိုးကတည်တည်ငြိမ်ငြိမ်နဲ့ ပိုက်ဆံရှင်းပြီး ဖခင်လက်ကိုတွဲကာ စားသောက်ဆိုင်ကထွက်သွားဖို့ လမ်းလျှောက်လာချိန်မှာဖခင်ဖြစ်သူက ကိုတိုးကို ပြောပါတယ်။
“ ဒီမှာတစ်ခုခု ကျန်ခဲ့တယ်လို့ သားမထင်ဘူးလား ”
“ မကျန်ပါဘူးဖေဖေ . . ဘာကျန်ခဲ့လို့လ ဲ”
ဖခင်က ကိုတိုးကို ပြောလိုက်တာက –
“ ကျန်ခဲ့တယ် သား . . သားတိုင်းအတွက်သင်ခန်းစာနဲ့ ဖခင်တိုင်းအတွက်မျှော်လင့်ချက်ကို သားချန်ထားခဲ့တယ် . .”
စာစုက ပေးချင်သော သင်ခန်းစာ
မိဘတွေအိုမင်းသွားချိန်မှာ အသေးအမွှားတိုင်းကစပြီး ဂရုစိုက်စောင့်ရှောက်ပေးပါ။ သူတို့ကိုချစ်ပါ၊ လေးစားပါ၊ စောင့်ရှောက်ပေးပါ။