Healthy Life Ad
Life Style

ကျော်ကြားသူတို့၏ ကျန်းမာလှပ လူမှုဘဝ မိုးယုစံ

moe4

– မိုးယုရဲ့ တစ်နေ့တာအသားရေ ထိန်းသိမ်းမှုပုံစံ
အသားအရေအတွက် တကူးတကကြီး ထိန်းသိမ်းတာမျိုး မလုပ်ဖြစ်ပါဘူး၊ မိတ်ကပ် လိမ်းထားတာတွေ သေချာဖျက်တယ်။ အသားအရေ သန့်ရှင်းအောင် ဂရုစိုက်တယ်။ တစ်ခါတလေ Lotion လိမ်းတယ်။

– အသားအရေအတွက် သဘာဝကုထုံး မသုံးဖြစ်
မိုးယုက အသားအရေအတွက် သဘာဝကုထုံး တစ်ခါမှ မသုံးဖူးပါဘူး။ တခြား Cosmetic တွေပဲ သုံးတာများပါတယ်။ သဘာဝကုထုံးက အသားအရေအတွက် အထောက်အကူတော့ ပြုမယ်လို့ထင်ပါတယ်။

– ရှူတင်မှာ မျက်စိ ခလုခလုဖြစ်ပြီး ရောင်ဖူး
ကျန်းမာရေးကြောင့် ရှူတင်မှာ အရမ်းကြီးကြီးမားမား ပြဿနာဖြစ်တာမျိုး မရှိခဲ့ပါဘူး။ တစ်ခါတလေ မျက်စိက ခလုခလုဖြစ်ပြီး ရောင်တာလောက်ပဲ ဖြစ်ဖူးတယ်။ တခြားတော့ ဘာမှမကြုံဖူးပါဘူး။ အလှအပကြောင့် ဆိုရင်တော့ အရင်က မိတ်ကပ်တစ်နေကုန် လိမ်းထားရတော့ အဆီပြန်တာတို့၊ မျက်နာအသားအရေ နည်းနည်းပါးပါး မကောင်းတာတို့ပဲ ရှိပါတယ်။ အဲဒီလိုမျိုးဆိုရင် မျက်နှာကို သေချာဂရုစိုက် ထိန်းသိမ်းဖြစ်ပါတယ်။

moe1

– မိတ်ကပ်ကို ကိုယ်တိုင်လိမ်းတာများ
မိုးယု မိတ်ကပ်ကို ကိုယ်တိုင်လိမ်းတာ များတယ်။ မိတ်ကပ်ဆရာနဲ့လည်း လိမ်းပါတယ်။ မိတ်ကပ်ဆရာနဲ့ လိမ်းတဲ့အချိန်က အရေးကြီးတဲ့ပွဲတွေ အလှပုံတွေ၊ ဖိုတိုကာဗာတွေ ရိုက်ဖြစ်ရင် လိမ်းပါတယ်။ ဇာတ်ကားတွေ အတွက်ဆို ကိုယ်တိ်ုင် လိမ်းပါတယ်။

– မျက်လုံးကို အဓိကလိမ်းခြယ်
ကိုယ်သွားမယ့် ပွဲပေါ်မူတည်ပြီး လိမ်းဖြစ်ပါတယ်။ များသောအားဖြင့် မျက်လုံးကို အဓိက လိမ်းခြယ် သွားဖြစ်ပါတယ်။ ဇာတ်ကားတွေအတွက် ဆိုရင် အဆင်ပြေသလိုပဲ လိမ်းခြယ်သွားဖြစ်တယ်။

– မိုးယုသုံးနေကျ မိတ်ကပ်အမျိုးအစား
မိတ်ကပ်ကတော့ MAC ပဲ သုံးဖြစ်ပါတယ်။

– မိတ်ကပ်ကြောင့် မျက်နှာအသားအရေ ပျက်စီဖူး
မိတ်ကပ်တွေကြောင့် အနည်းနဲ့အများတော့ မျက်နှာအသားအရေ ပျက်စီးတာမျိုး ရှိပါတယ်။ ဓာတုပစ္စည်းပါဝင်တဲ့ မိတ်ကပ်တွေသုံးရတော့ အဖုအပိမ့်တွေ ပေါက်တာမျိုး ရှိပါတယ်။ ပြီးတော့ သာမန်လူတွေထက် မိုးယုတို့က မိတ်ကပ်ပိုလိမ်းရတော့ ပျက်စီးပါတယ်။ ကြီးကြီးမားမား ဖြစ်တာမျိုးတော့ မရှိပါဘူး။ ပြီးခဲ့တဲ့ သုံးလေးလတုန်းကတော့ မျက်နှာတစ်ပြင်လုံး အဆီအကျိတ်လေးတွေ၊ ဝက်ခြံအဖုအပိမ့်လေးတွေ ပေါက်ပါတယ်။ အခု ကုသမှုတွေ ခံယူနေပါတယ်။ အတော်လေးလည်း သက်သာနေပါပြီ။ နည်းနည်း အရာလေးတွေပဲ ကျန်တော့တာပါ။

– မျက်နှာအဆီကျတ်၊ အဖုအပိမ့် ကုသမှုတွေကို ပြည်ပမှာ ပိုလုပ်ဖြစ်
မိုးယုမျက်နှာ အဆီကျိတ်နဲ့ အဖုအပိမ့်တွေကို မြန်မာပြည်မှာလည်း ကုသပါတယ်။ အဆင်မပြေတဲ့အခါ ပြည်ပမှာ ကုသမှုတွေ လုပ်ဖြစ်ပါတယ်။
များသောအားဖြင့် ပြည်ပမှာ ကုသတာ များပါတယ်။

– အခုနောက်ပိုင်း အဖုအပိမ့်ပေါက်
အရင်ကတော့ အဖုအပိမ့် မပေါက်တတ်ဘူး။ အခုနောက်ပိုင်းမှ အဖုအပိမ့်ပေါက်တဲ့ အခက်ခဲလေးတွေ ရှိလာတာပါ။ ပြီးတော့ Cosmetic ဆိုလည်း တွေ့ရာ လျှောက်မသုံးဖြစ်တော့ဘူး။ မျက်နှာကို သေသေချာချာလေး ဂရုစိုက်သုံးဖြစ်ပါတယ်။

– အားလပ်ချိန်ကို မိုးယုစံ သီချင်းဆိုရင်း ဖြတ်သန်း
မိုးယုက အားလပ်ချိန်မှာ တီဗီကြည့်တယ်။ သီချင်းဆိုဖြစ်တယ်။ စာကတော့ အများကြီးမဖတ်ဖြစ်ပါဘူး။ နည်းနည်းပါးပါးလောက်ပဲ ဖတ်ဖြစ်ပါတယ်။

moe3

– ကောလဟာလကြောင့် စိတ်မညစ်ဖူးပါ
ကောလဟလနဲ့တော့ စိတ်ညစ်ဖူးတာ မရှိပါဘူး။ မကြုံလည်း
မကြုံဖူးပါဘူး။ ရှိခဲ့မယ်ဆိုရင် ကိုယ်ချစ်တဲ့ အနုပညာအလုပ်ကို
မစွန့်လွတ်နိုင်ပါဘူး။

– စိတ်ဖိစိးမှုတွေဖြစ်တဲ့အခါ အနားယူဖြစ်
စိတ်ဖိစီးမှုဖြစ်လာရင် အနားယူလိုက်တယ်။ အဲဒီအချိန်မှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတဲ့ အပေါ် မူတည်ပြီး တီဗီကြည့်ချင် ကြည့်လိုက်တယ်။ အဲ့လောက်ပါပဲ။

– ကျန်းမာရေးအတွက် ဗဟုသုတ လေ့လာအားနည်း
သိပ်ထွေထွေ ထူးထူးတော့ မလေ့လာဖြစ်ပါဘူး။ အချိန်လည်း မပေးနိုင်တာ ပါတယ်။ လေ့လာအားလည်း နည်းတာ ပါတာပေါ့။

– ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှု လုပ်ဖြစ်ပါသလား
ရှုတင်မှာကော နယ်ဘက်တွေ သွားဖြစ်ရင်လည်း ကျန်းမာရေးအတွက် ဆေးဝါးတွေ ယူဆောင်သွားလေ့ မရှိပါဘူး။ မိုးယုကိုယ်တိုင် ကျန်းမာရေး မကောင်းတာ မဖြစ်တတ်ဘူး။ ငယ်ငယ်တုန်းကသာ ကျန်းမာရေး ချူချာတာမျိုး ရှိပါတယ်၊ ကျန်းမာရေးအတွက် တစ်နှစ်တစ်ခါ မိုးယုဆေးစစ်လေ့ ရှိပါတယ်။

– ဝိတ်မတက်အောင် အစားအသောက် ဆင်ခြင်
အစားအသောက်တော့ ဆင်ခြင်တာမျိုး ရှိပါတယ်။ သီးသန့် အချိန်ပေး ဝိတ်ချတာမျိုး မရှိ်ပါဘူး။

moe2

– ပရိတ်သတ်ကို ပေးချင်တဲ့အကြံ
ကျန်းမာရေးက လူတိုင်းအတွက် အရမ်းအရေးကြီးပါတယ်။ ဂရုစိုက်ကြပါ။ ကျန်းမာရေး မကောင်းဘူး ချူချာတတ်သူ ဆိုရင်လည်း လိုအပ်တဲ့ ဆေးဝါးလေးတွေ ဆောင်ထားကြပါ၊ ဆရာဝန်တွေနဲ့ ပြသပါလို့ ပြောချင်ပါတယ်။

ကျန်းမာရေးအတွက်
ကိုယ်တိုင်ဆေးစစ်ပြီး
တခြားသူတွေလည်း
ဆေးစစ်သင့်တယ်လို့ ထင်ပါတယ် . .

ကျန်းမာရေးကိုလည်း စစ်ဆေးသင့်တယ်လို့ ထင်ပါတယ်။ ကျန်းမာရေးစစ်ဆေးတော့ ကိုယ့်မှာ ဘာရောဂါရှိတယ်ဆိုတာ သိရင် ကြိုတင်ကာကွယ်လို့ ရပါတယ်လို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top