Healthy Life Ad
Health Tips

ခန္ဓာကိုယ်ကို ညာဘက်စောင်းမအိပ်သင့်

၊ မီမိုး(ဆေးဝါးတက္ကသိုလ်) ၊

ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကိုညာဘက်စောင်းပြီး မအိပ်သင့်တဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

– ကိုယ်ဝန်ဆောင်မိခင်အတွက်

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်တဲ့အခါ ညာဘက်စောင်းပြီး မအိပ်သင့်ပါဘူး။ ခန္ဓာကိုယ်ကို ညာဘက်စောင်းပြီး မအိပ်သင့်တဲ့အကြောင်းရင်းတွေ ရှိပါတယ်။

(၁) ညာဘက်စောင်းအိပ်ရင် သန္ဓေသားဆီ သွေးလှည့်ပတ်ရောက်ရှိမှု လျော့ကျစေပါတယ်။

(၂) ခန္ဓာကိုယ်ကို ညာဘက်စောင်းအိပ်တာကြောင့် အချင်းအတွက်ဆိုးကျိုးရှိပြီး သန္ဓေသားကျန်းမာရေးအပေါ် သိသာတဲ့သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။

(၃) ခန္ဓာကိုယ်ကို ညာဘက်စောင်းအိပ်ရင် စားလိုက်တဲ့အစာကနေ သန္ဓေသားဆီ အာဟာရဓာတ်ရောက်ရှိမှု လျော့ကျစေပါတယ်။

(၄) ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက်ကိုယ်အလေးချိန် ပိုများတာကြောင့် အချိန်ကြာကြာခန္ဓာကိုယ်ကို ညာဘက်စောင်းအိပ်ရင် အသည်းပေါ်ဖိအားသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါက သင့်ကျန်းမာရေးအတွက် မကောင်းတဲ့အချက်ပါပဲ။

(၅) ခန္ဓာကိုယ်ကို ညာဘက်စောင်းအိပ်တာကြောင့် ဆိုးရွားစေတဲ့အချက်ကတော့ ကလေးအသေမွေးနိုင်ခြေ များတာပဲဖြစ်ပါတယ်။ ဒီအန္တရာယ်က ကိုယ်ဝန်နောက်ဆုံးသုံးလပတ်အတွင်း နှစ်ဆမြင့်တက်မှုရှိတဲ့အတွက် ညာဘက်စောင်းပြီး မအိပ်သင့်ပါဘူး။

– သင့်ကျန်းမာရေးအတွက်

ကိုယ်ဝန်မရှိရင်တောင်မှ သင့်ခန္ဓာကိုယ်ကို ညာဘက်စောင်းပြီး မအိပ်သင့်ပါဘူး။ ဒီလိုအိပ်ရင် ကျန်းမာရေးဆိုးကျိုး အနည်းငယ်ရှိတတ်ပါတယ်။

(၁) ရင်ပူခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုက ရင်ပူဝေဒနာခံစားရနိုင်ခြေ များပါတယ်။ ဒါပေမဲ့ အရွယ်ရောက်လူကြီးတွေဟာလည်း ခန္ဓာကိုယ်ကိုညာဘက်စောင်းအိပ်ရင် ရင်ပူဝေဒနာ ခံစားရနိုင်ပါတယ်။

(၂) ထုံကျဉ်ခြင်း

တစ်ညလုံးညာဘက်စောင်းပြီးအိပ်ရင် နိုးလာတဲ့အခါ ခန္ဓာကိုယ်တစ်ခြမ်းထုံကျဉ်ကာ နိုးလာတတ်ပါတယ်။ လက်မောင်းတစ်ဖက်ပေါ်မှာ သင့်ကိုယ်အလေးချိန်အများစုရောက်နေရင် သွေးလည့်ပတ်မှုကို ကန့်သတ်လိုက်သလို ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နာ့ဗ်ကြောတွေပေါ် ဖိထားသလိုဖြစ်စေပြီး ထုံကျဉ်ကာ လန့်နိုးတတ်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်ကာ အိပ်မပျော်တဲ့ဝေဒနာ ရတတ်ပါတယ်။

(၃) ကင်ဆာအနာ

စားချဉ့်ပြန်ရောဂါ(GERD) ဟာ အစာရေမျိုပြွန်ကို ထိခိုက်စေတာကြောင့် အစာအိမ်နဲ့ကပ်ရက် အစိတ်အပိုင်းတွေမှာ ကင်ဆာအနာဖြစ်စေနိုင်ပါတယ်။
ကျန်းမာရေးအတွက်ခန္ဓာကိုယ်ကို ပက်လက်လှန်ပြီး အိပ်စက်တာက အကောင်းဆုံးအနေအထားပဲ ဖြစ်ပါတယ်။

(Ref;SN)

Most Popular

Healthy Life Ad
To Top