Healthy Life Ad
Life Style

အိမ်ထောင်ဖက်ကို ကျေးဇူးတင်စကား ပြောခြင်းက သာယာသော အိမ်ထောင်ရေး လျှို့ဝှက်ချက်ဟု ဆို

သဒ္ဒါထက်

ပျော်ရွှင်ဖွယ်ရာကောင်းပြီး သာယာတဲ့ အိမ်ထောင်ရေး ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို ကျေးဇူးတင်ဖို့နဲ့ ကျေးဇူးတင်စကားဆိုဖို့ ဖြစ်တယ်လို့ လေ့လာမှုအသစ်တစ်ခုက အကြံပြုထားပါတယ်။

“သင့်အိမ်ထောင်ဖက်ကိုယုံကြည်ပြီး တန်ဖိုးထားတဲ့စိတ်နဲ့ ‘ကျေးဇူးတင်ပါတယ်’လို့ ပြောပေးတာက အိမ်ထောင်သည်ဘဝအပေါ် သင်ဘယ်လို ခံစားရတယ်၊ သင်ဘယ်လောက်ပျော်ရွှင်တယ်၊ အိမ်ထောင်မှုဘဝအပေါ် သင်ဘယ်လောက် ယုံကြည်တယ်ဆိုတာ တိုက်ရိုက်ပြသနေတာ ဖြစ်တယ်”လို့ အမေရိကန် ဂျော်ဂျီယာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ တက်ဖူထရစ္စက ဆိုပါတယ်။

လေ့လာမှုက အိမ်ထောင်သည် ၄၆၈ ဦးကို သူတိုရဲ့ ဝင်ငွေ၊ ဆက်ဆံရေး၊ အိမ်ထောင်ဖက်အပေါ် တန်ဖိုးထား ကျေးဇူးတင်မှု စတာတွေအကြောင်း မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ လေ့လာမှုရလဒ်အရ အိမ်ထောင်ဖက်ကို ကျေးဇူးတင်တတ်သူတွေက အိမ်ထောင်ရေးအခြေအနေ သာယာပျော်ရွှင် အေးချမ်းမှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။

“ဇနီးမောင်နှံတွေက တခြားဘက်မှာ စိတ်ပျက် စရာဒုက္ခနဲ့ အခက်အခဲတွေ ရှိနေရင်တောင် အိမ်ထောင်ဖက်အပေါ် ကျေးဇူးတင်တတ်သူတွေက သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ကြပါတယ်”လို့ လေ့လာသူ ဘာတန်က ဆိုပါတယ်။

# ဒါကြောင့် သင့်အိမ်ထောင်ရေးကို သာယာပျော်ရွှင်ပြီး တည်တံ့စေချင်တယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို “ကျေးဇူးတင်ပါတယ်”ဆိုတဲ့ စကား မကြာ မကြာ ပြောပေးဖို့ပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top