Healthy Life Ad
Health Tips

Cardiac Arrest ၊ Stroke နှင့် Heart Attack အကြား ခြားနားချက်များ

– နှလုံးခုန်ရုတ်ခြည်းရပ်ခြင်း (Cardiac Arrest)
နှလုံးသွေးလွှတ်ခန်းနံရံရှိ ကြွက်သားတွေ ခုန်ပင်ခုန်သော်ငြား သွေးကိုတွန်းပို့နိုင်အောင် မခုန်တာကြောင့် အဖြစ်များပါတယ်။ နှလုံးသွေးငတ်ကာ ကြွက်သားတွေသေဆုံးတာကြောင့် ဖြစ်လေ့ရှိပါတယ်။

– လေဖြတ်ခြင်း (Stroke)

ဦးနှောက်ထဲကို သွေးစီးဆင်းမှု ရပ်သွားတဲ့အခါ ဒါမှမဟုတ် ဦးနှောက်တစ်သျှူးမှ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ရပ်သွားတဲ့အခါ လေဖြတ်တတ်ပါတယ်။ လေဖြတ်ပြီး မိနစ်ပိုင်းအတွင်း ဦးနှောက်ဆဲလ်တွေ စတင် သေဆုံးတတ်ပါတယ်။

– နှလုံးရောဂါထခြင်း (Heart Attack)
နှလုံးဆီကို သွေးထောက်ပံ့မှု လျော့ကျသွားတဲ့အခါ ဒါမှမဟုတ် သွေးထောက်ပံ့မှု ရပ်သွားတဲ့အခါ နှလုံးရောဂါထတတ်ပါတယ်။ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် နှလုံးထိခိုက်သွားနိုင်ပါတယ်။

နှလုံးရောဂါထတဲ့ ဝေဒနာမရစေဖို့ အရက်ရှောင်ပါ၊ ဆေးလိပ်ဖြတ်ပါ၊ ကောင်းမွန်တဲ့ အာဟာရမှီဝဲပါ၊ နေ့စဉ်နေ့တိုင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဆောင်ပါ၊ ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့အညီ ထိန်းသိမ်းပါ၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ၊ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပါလို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top