Healthy Life Ad
Q & A

အပေါင်းအသင်းနည်းပြီး အထီးကျန်သူတို့ လူတောထဲ မသွားရဲရသည်မှာ . .

မေး ။ အပေါင်းအသင်းနည်းပြီး အထီးကျန်တဲ့သူတွေ က များသောအားဖြင့် လူတောထဲ မသွားရဲတာ ဘာ ကြောင့်ပါလဲ ဆရာ။
ကိုခန့်၊ လသာ။

ဖြေ ။ ဒါက တစ်မျိုးတည်းတော့ဖြေလို့မရပါဘူး။ လူ ရယ်၊ ပတ်ဝန်းကျင်ရယ်၊ အခြေအနေရယ် . . ဒီသုံး မျိုးပေါ်မူတည်နေပါတယ်။ ဥပမာ-လူတစ်ယောက် က နိုင်ငံခြားသွားတယ်၊ အဲဒီနိုင်ငံမှာပြောတဲ့ ဘာ သာစကားမကျွမ်းကျင်ရင်တော့ တစ်ယောက်တည်း နေရမှာပါပဲ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုနည်းပြီး လေးစားမှုနည်းရင်လည်း တစ်ယောက်တည်း နေရမှာပါပဲ။ နောက်တစ်ခုက ကိုယ့်ကိုခေါ်မယ့်သူ၊ ပြောမယ့်သူမရှိဘဲ ဝိုင်းပယ်ခံရတဲ့အခြေအနေမျိုးဆိုရင်လည်း တစ်ယောက်တည်း နေရမှာပါပဲ . . ဒီအခြေအနေတွေမှာ အထီးကျန်တတ်ပါတယ်။
ဥပမာ ပြောရရင် ဟိုးအရင်တုန်းက AIDS ရောဂါ၊ အနာကြီးရောဂါရှိသူတွေကို လူတွေက လက်မခံခဲ့ကြဘူး၊ သူတို့ကတော့ လူတွေနဲ့ ဝင်ဆန့်ချင်ပါတယ်၊ ဒါကြောင့် အခြေအနေရယ်၊ ပတ်ဝန်းကျင်ရယ်၊ လူရယ်ပေါ်မှာ မူတည်နေပါတယ်။
ကိုယ်နဲ့ သက်ဆိုင်တဲ့ အပိုင်းကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပါ၊ ရိုးသားမှုရှိပါ၊ ပွင့်ပွင့်လင်းလင်းရှိပါ . . ဒါဆိုရင်တော့ လူတိုင်းက ကိုယ့်ကိုခင်မင်လာမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top