Healthy Life Ad
Health Tips

တီဗီအစီအစဉ်များစွာ ကြည့်ခြင်းက အထီးကျန်ခြင်းနှင့် စိတ်ဓာတ်ကျသော သတိပေးလက္ခဏာဟုဆို

———၊ ကိုထက် ၊———

အနှစ်သက်ဆုံး တီဗီအစီအစဉ်ပေါင်းများစွာကို အချိန်ကြာကြာပေးပြီး ကြည့်တာက သင့်ကျန်းမာရေးအတွက် မကောင်းဘူးလို့ လေ့လာသူတွေက သတိပေးလိုက်ပါတယ်။

တီဗီအစီအစဉ်ပေါင်းများစွာကို အချိန်ကြာကြာ ကြည့်တာက စိတ်ဓာတ်ကျတာ၊ အထီးကျန်တာတို့နဲ့ ဆက်စပ်မှုရှိကြောင်း လေ့လာမှုအရ သိရပါတယ်။ စိတ်ခံစားမှု မကောင်းသူတွေက သူတို့အနှစ်သက်ဆုံး တီဗီအစီအစဉ်ကို နာရီပေါင်းများစွာ ကြည့်လေ့ရှိပြီး အဲဒီလိုလုပ်ရတာက အလုပ်အကိုင်၊ ပေါင်းသင်းဆက်ဆံရေးနဲ့ မိသားစုဘဝတို့ကို လျစ်လျူရှုထားနိုင်ကြောင်း သိရပါတယ်။

တီဗီကို အချိန်ကြာကြာ ကြည့်တာကြောင့် အဝလွန်ခြင်းနဲ့ မောပန်းနွမ်းနယ်ခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း အရင်လေ့လာမှုအရ သိရှိရပြီး ဖြစ်ပါတယ်။

တက်ဆက်တက္ကသိုလ် လေ့လာသူတွေက အသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်း လူ ၃၁၆ ဦးကို လေ့လာခဲ့ပြီး တီဗီကြည့်ချိန်၊ တီဗီကြည့်ခြင်းကြောင့် ဖြစ်ရတဲ့ အထီးကျန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့လို စိတ်ခံစားမှုတို့အား လေ့လာခဲ့ရာ လူတွေက စိတ်ခံစားမှု လျော့ကျနေချိန်မှာ စိတ်အပြောင်းအလဲတစ်ခုအဖြစ် တီဗီကြည့်လေ့ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

“ခန္ဓာကိုယ်နုံးချည့်ညောင်းညာတာနဲ့ အဝလွန်တာလို တခြားကျန်းမာရေးပြဿနာတွေက တီဗီအလွန်အမင်း ကြည့်တာနဲ့ ဆက်စပ်နေပါတယ်”လို့ လေ့လာသူတို့က ဆိုပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top