Healthy Life Ad
International

ဦးခေါင်းသေးရောဂါဖြင့် ရှင်သန်နေထိုင်နေသူ ၁၉ နှစ်အရွယ်ရောက်မှ ဇီကာဗိုင်းရပ်စ်ကြောင့်ဟုယူဆ

၊ ကိုထက် ၊

အသက် ၁၉နှစ်ရှိပြီဖြစ်သော ဒါရလီကိုတေရဲ့ဘဝက တခြားရွယ်တူတွေထက်ပိုပြီး ခက်ခဲလှပါတယ်။ ခန္ဓာကိုယ် ဟန်ချက်ညီအောင် ကောင်းကောင်းမထိန်းနိုင်သေးပါဘူး။ အဝတ်အစားကို ကိုယ်တိုင်မလဲနိုင်သေးပါဘူး။ စာရေးနိုင်၊ ဖတ်နိုင်ခြင်းလည်း မရှိသေးတဲ့အပြင် အခုအချိန်ထိ ကလေးငယ်ငယ်လေးတစ်ယောက်လို စောင့်ရှောက်ပေးနေရဆဲဖြစ်ပါတယ်။

Untitled-3

ဒါရလီဟာ ဦးခေါင်းသေးရောဂါနဲ့ မွေးဖွားလာခဲ့ပြီး ဒါရလီလို ဖွံ့ဖြိုးမှုနောက်ကျပြီး မွေးဖွားခဲ့တဲ့သူတွေကို အခုအချိန်ထိ ကုသပေးနိုင်မှုမရှိသေးပါဘူး။ ဒါရလီမမွေးခင်ကပင် သားဖွားဆရာဝန်က သူ့အမေလီဆာကို ကလေးကမူမှန်ကြောင်း၊ ဦးခေါင်းသေးနေပြီး မျက်စိမမြင်တာ၊ နားမကြားတာမျိုးလည်း ဖြစ်နေနိုင်ကြောင်း ပြောပြထားခဲ့ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကိုတော့ မသိခဲ့ကြပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇီကာဗိုင်းရပ်စ်အကြောင်း အရေးပေါ်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ဒါရလီရဲ့ မိခင်လီဆာက သူကိုယ်ဝန်ဆောင်စဉ်က ခြင်ကိုက်ခံရတာများကြောင်းနဲ့ သူ့သားဦးခေါင်းသေးရခြင်းမှာ ဇီကာဗိုင်းရပ်စ်ကြောင့်ပင်ဖြစ်မယ်လို့ ယူဆခဲ့ပါတော့တယ်။ အသက် ၁၉ နှစ်ရှိပြီဖြစ်သော်လည်း စိတ်သက်မှာ ၇ နှစ်ခန့်သာရှိသေးတဲ့ ဒါရလီက “ဦးခေါင်းသေးရောဂါနဲ့ ရှင်သန်ရတာမလွယ်ပါဘူး . . အသက်ကြီးလာရင် ပိုကောင်းလာမယ်ထင်ပေမယ့် တကယ်တော့ ပိုပိုပြီးဆိုးလာနေတာ”လို့ ပြောခဲ့ပါတယ်။

ဦးခေါင်းသေးရောဂါ (Macrocephaly) သာမန်ဦးခေါင်းတွေထက်ပိုမိုသေးငယ်နေပြီး ဦးနှောက်ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ ဉာဏ်ရည်မမှီခြင်း၊ မှတ်ဉာဏ်မကောင်းခြင်းတို့အပြင် အမူအကျင့်ဆိုင်ရာ ပြဿနတွေလည်း ဖြစ်နိုင်ပါတယ်။ တခြားအကြောင်းရင်းတွေကြောင့် မွေးရာပါဦးခေါင်းသေးရောဂါဖြစ်နိုင်ပေမယ့် ဇီကာဗိုင်းရပ်စ်နဲ့ ဦးခေါင်းသေးခြင်းက ပိုပြီးဆက်စပ်မှုရှိနေတယ်လို့ သိပံ္ပပညာရှင်တွေကလက်ခံလာကြပြီဖြစ်ပါတယ်။

Untitled-2

“ဒါရလီကို စောင့်ရှောက်ရတာ ပိုပြီးခက်ခဲပါတယ်. . . ဆံပင်ညှပ်တဲ့အခါမျိုးမှာ ဦးခေါင်းသေးတာကိုဖုံးအောင် ဆံပင်ပုံစံကို သေချာရွေးပြီး ညှပ်ပေးရပါတယ်. . အခက်ခဲ ဆုံးကတော့ အိမ်နီးနားချင်းကလေးတွေကို သူ့အပေါ် မလှောင်ပြောင်မိစေဖို့ ရှင်းပြရတာဖြစ်ပါတယ်. . .”လို့ လီဆာကလည်း ပြောပြခဲ့ပါတယ်။

အခုအခါ ဒါရလီတို့ မိသားစုဟာ တခြားထောက်ပံ့မှုတွေ လိုအပ်နေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံနေရာတွေအတွက် တတ်နိုင်တဲ့ ငွေကြေး ထောက်ပံ့မှုတွေ ကူညီပေးနေပြီး ဇီကာဗိုင်းရပ်စ်ကူးစက်နှုန်းမြင့်မားတဲ့ ဘရာဇီးလိုနေရာမျိုးသို့ လိုအပ်တဲ့ ဗီတာမင်တွေ၊ ဆေးဝါးတွေနဲ့ ခြင်နိုမ်နင်းရေးပစ္စည်းတွေအပြင် ကလေးငယ်တွေအတွက် အနှီးစတွေကိုပါ ပို့ပေးဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top