Healthy Life Ad
International

ပုံမှန်မဟုတ်သော ဦးခေါင်းပုံစံဖြင့် သားလေးမွေးဖွားခဲ့သော်လည်း မိဘနှစ်ပါး စိတ်ဓာတ်မကျ

၊ ZKO ၊

ဘရန်ဒန်နှင့် ဘရစ်တနီတို့သည် သားယောကျာ်းလေး တစ်ယောက် ကိုယ်ဝန်ရှိခဲ့ရာ တစ်နေ့သော အခါ ဆရာဝန်ဆီမှ ဆေးစစ်ချက် အဖြေအရ သူတို့ ကလေးငယ် ဦးခေါင်းဖွံ့ဖြိုးပုံ မမှန်ကန်ကြောင်း ဖုန်းလက်ခံ ရရှိခဲ့သည်။ “စိတ်ထဲ အတော် ခံစားခဲ့ရတယ်။ ဘာလုပ်ရမယ်ဆိုတာ မသေချာ ခဲ့ပါဘူး”ဟု ကလေး၏ဖခင်က ဆိုသည်။ “ကျွန်မဆီကို “သားကိုမစွန့်လွှတ်လိုက်ပါနဲ့” လို့ တစ်ယောက်ယောက် လာပြောသလို ခံစား ခဲ့ရတယ်”ဟု မိခင်ဖြစ်သူက ဆိုသည်။ သို့ဖြစ်ရာ ကလေးကို မွေးဖွားရန် ဆုံးဖြတ်ခဲ့ပြီး ယခုအခါ တွင်လည်း စိတ်ဓာတ်မကျဘဲ အကောင်းဆုံး နည်းဖြင့် ပြုစုရန် စဉ်းစားထားကြောင်း သိရသည်။

(Ref; Science)

Most Popular

Healthy Life Ad
To Top