Healthy Life Ad
International

နှစ်ဦးပေါင်း ၄၂ ပေါင်ခန့်သာရှိသည့် ၁၄နှစ်နှင့် ၉နှစ်အရွယ် ဦးခေါင်းသေးလူပုညီအစ်မ

၊ မိုးမင်းထွန်း ၊

လိုလာနဲ့ကလဲရာ ညီအစ်မဟာ အသက် ၉ နှစ်နဲ့ ၁၄ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် နှစ်ယောက်ပေါင်းမှ ကိုယ်အလေးချိန် ၄၂ ပေါင်မျှသာ ရှိနေခဲ့ပါတယ်။ သူတို့ညီအစ်မဟာ ရှားပါးတဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါ၊ အရပ်ပုမျိုးရိုးနဲ့ မွေးဖွားလာတာဖြစ်တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

Untitled-2

လိုလာနဲ့ ကလဲရာဟာ ဦးခေါင်းသေးငယ်တဲ့ အခြေအနေ Microcephaly အရပ်ပုတဲ့ အခြေအနေနှစ်ရပ်နဲ့ မွေးဖွားလာခဲ့ကာ ဦးခေါင်းသေးငယ်ပြီး ဦးနှောက်ကလည်း အပြည့်အဝ ဖွံ့ဖြိုးမှုမရှိပါဘူး။ ဒါ့အပြင် မသန်စွမ်းဝေဒနာကို ပြင်းထန်စွာဖြစ်ပေါ်ပြီး အမြင်ချို့ယွင်းကာ၊ လမ်းမလျှောက်နိုင်၊ စကားမပြောနိုင်ပါဘူး။ ဒါ့အပြင် ပုံမှန်လိုလို တက်လေ့ရှိပါတယ်။

သူတို့ ညီအစ်မနှစ်ဦး ကြီးပြင်းလာတဲ့ဘဝမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပေမယ့် သူတို့လေးတွေဟာ တခြား မိန်းကလေးလိုပဲ Rap တေးဂီတနားဆင်ရတာ၊ မင်္ဂလာဆောင် အစီအစဉ် ကြည့်ရှူရတာတို့ကို သဘောကျတယ်လို့ သိရပါတယ်။

သမီးကြီး ကလဲရာ မွေးဖွားခဲ့ချိန်မှာ အသက်တစ်နှစ်အထိတောင် မရှင်နိုင်ဘူးလို့ ဆရာဝန်ကဆိုခဲ့ပါတယ်။ ကလဲရာမိဘတွေက ကလဲရာကို အချိန်တိုင်း ပျော်ရွှင်မြူးထူးနေအောင်ထားဖို့ ဆုံးဖြတ်ခဲ့ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေကျွေးကာ ဆေးဝါးကုသမှုတွေ ခံယူခဲ့ပါတယ်။ သမီးလေးနှစ်ဦးက မသန်စွမ်းဖြစ်နေပေမယ့် ၁၇နှစ်အရွယ် သားကြီးတစ်ဦးရှိတဲ့ သူတို့မိသားစုအတွက် ပျော်ရွှင်စရာတွေ ယူဆောင်လာပါတယ်လို့ မိဘတွေက ဆိုပါတယ်။

“သူတို့လေးတွေ အသက် ၁၀ နှစ်၊ ၁၅ နှစ်နား နီးနေပြီဆိုတာ လူတွေမေ့နေကြပါတယ်။ ကလဲရာက အရပ် သုံးပေ၊ လိုလာက အရပ်နှစ်ပေနဲ့ဆိုတော့ သိပ်ကို သေးငယ်ကြတယ်လေ”လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

မစ္စစ်ဟာ့တ်လေဟာ ကလဲရာကို ပုံမှန်အတိုင်း ကိုယ်ဝန်ဆောင်ခဲ့ပြီး ကိုယ်ဝန်ပတ် ၁၉ ပတ်မှာ အာထရာ ဆောင်းစကင်ရိုက်ခဲ့တဲ့အခါ ပုံမှန်မဟုတ်တဲ့ ဘယ်လိုလက္ခဏာကိုမှ မပြခဲ့ပါဘူး။ မွေးပြီး အသက် သုံးလအရွယ်မှာ ဦးခေါင်းသေးတဲ့ ရောဂါအခြေအနေရှိကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။

ကလဲရာ လေးနှစ်သမီးအရွယ်မှာ လိုလာကို ကိုယ်ဝန်ရှိခဲ့ရာ ကိုယ်ဝန်ဆောင်ကာလ စစ်ဆေးမှုမှာတင် လိုလာဟာ ဦးခေါင်းသေးငယ်တဲ့ အခြေအနေကို ပြင်းပြင်းထန်ထန် ခံစားနေရကြောင်း သိခဲ့တာဖြစ်ပါတယ်။ ကလေးဖျက်ချဖို့ ဆွေးနွေးခဲ့ပေမယ့် မိခင်ဖြစ်သူက ငြင်းဆန်ခဲ့ပြီး သမီးကြီးကလဲရာလိုပဲ ပြုစုစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ သူတို့ညီအစ်မဟာ စကားပြောလာနိုင်မှာလား၊ ရွေ့လျားနိုင်မှာလား ဆိုတာ ဆရာဝန်တွေလည်း မသိကြပါဘူး။
(Ref; DM)

Most Popular

Healthy Life Ad
To Top