Healthy Life Ad
Health Tips

ဦးခေါင်းသေးငယ်ခြင်း ( Microcephaly ) ဆိုသည်မှာ

ခန္ဓာကိုယ်အရွယ်အစားနဲ့ နှိုင်းယှဉ်ရင် ဦးခေါင်းက သိသိသာသာသေးငယ်နေပြီး ဦးခေါင်းလုံးပတ်က ပုံမှန်ထက် ပိုသေးငယ်နေတဲ့ အခြေအနေကို Microcephaly လို့ ခေါ်ပါတယ်။ ဦးနှောက်က အပြည့်အဝ မဖွံ့ဖြိုးပါဘူး၊ ဦး နှောက်ကြီးထွားမှုကလည်း ရပ်သွားပါတယ်။

မွေးရာပါ ရောဂါဖြစ်တတ်ပါတယ်၊ ဒါမှမဟုတ် အသက် ငယ်ငယ်အရွယ်မှာ စဖြစ်တတ်ပါတယ်။

အများစုက မျိုးဗီဇပုံမမှန်တာကြောင့် ဖြစ်တတ်ပြီး သန္ဓေသား ဖွံ့ဖြိုးနေစဉ် ဦးနှောက်ကြီးထွားမှု ထိခိုက်ရာက ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ဆေးမှားသောက်ရင် ဒါမှမဟုတ် အရက်သောက်ရင် ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးဝင်ရင် ဦးခေါင်းသေးငယ်တဲ့ ကလေးတွေ မွေးဖွားနိုင်ပါတယ်။

ရောဂါဝေဒနာပြင်းထန်မှုပေါ် မူတည်ပြီး ဦးခေါင်းသေးငယ်တဲ့ ကလေးတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှု ထိခိုက်တာ၊ စကားပြောဆိုနိုင်စွမ်း နှောင့်နှေးတာ၊ အရပ်ပုတာ၊ မျက်နှာပုံပျက်တာ၊ အတက်ကြွလွန်တာ၊ တက်တာ၊ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်တာ၊ ဦးနှောက်နဲ့ အာရုံကြော ပုံမမှန်မ ဟုတ်တာတို့ ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top