Healthy Life Ad
Life Style

ခေမီကို၏ အကနှင့်ကျန်းမာရေး

– အခုလက်ရှိ အနုပညာလှုပ်ရှားမှုကို သိပါရစေအစ်မ။
အခုလက်ရှိက အာပေတူးဆိုတဲ့ သင်္ကြန်သီချင်းခွေလေးကို ပရိသတ်လက်ထဲရောက်အောင် ပရိုမိုးရှင်းလေး လုပ်ထားပါတယ်။ ဒီနှစ်သင်္ကြန်မှာလည်း ရန်ကုန်မှာပဲရှိပါမယ်။

Untitled-4
– ကျန်းမာရေးကောင်းအောင် ဘယ်လိုလေ့လာလိုက်စားဖြစ်ပါသလဲအစ်မ။
အဓိက အစ်မကအမြဲကနေရတာဆိုတော့ ကတာကပဲ ကျန်းမာရေးလှုပ်ရှားမှုတစ်ခု ဖြစ်သွားပါတယ်။ ပြီးတော့ ယောဂကျင့်ပါတယ်။ တခြားကျန်းမာရေးဗဟုသုတတွေကိုလည်းလိုက်စားပါတယ်။

– အကကတာကြောင့် လူတစ်ယောက်ရဲ့ကျန်းမာရေးကို ဘယ်လောက်အထိအကျိုးရှိစေတယ်လို့ အစ်မထင်ပါသလဲ။
အကကတာကြောင့် ကျန်းမာရေးအတွက်အကျိုးရှိစေပါတယ်။ ကတာက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်သလိုပါပဲ။ ပြီးတော့စိတ်ထဲမှာ ပေါ့ပါးလန်းဆန်းသွားစေပါတယ်၊ အရိုး၊ အကြော သန်မာတယ်၊ နှလုံးအားကောင်းစေပါတယ်၊ သွေးကြောကျဉ်းရောဂါတွေမဖြစ်ပါဘူး၊ ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရရှိပါတယ်။ ဒါပေမဲ့ ဘယ်အလုပ်မဆို တန်ဆေး၊ လွန်ဘေးပေါ့၊ အဓိက ပုံမှန်လေးလုပ်သွားရင် ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။

Untitled-3
– ကခုန်တာက စိတ်ဖိစီးမှုကိုပြေပျောက်စေတယ်လို့ ကြားဖူးပါတယ်၊ အစ်မရဲ့ကိုယ်တွေ့လေး ပြောပြပေးပါဦး။
စိတ်ဖိစီးမှုဖြစ်ရင် ကခုန်တာကြောင့်လျော့ပါးသွားစေပါတယ်။ အဓိက တေးဂီတကြောင့်ပါ၊ တေးဂီတအသံကို နားထောင်ပြီး ကကွက်ကျင့်ရတဲ့အတွက် စိတ်ပေါ့ပါးပြီး လန်းဆန်းစေပါတယ်၊ အစ်မက စိတ်ဖိစီးမှု သိပ်မထားဘူး၊ ကနေရရင် ပျော်တယ်၊ စိတ်ချမ်းသာပါတယ်။

– အကအပြင် အဆိုပိုင်းအတွက် အသံကျန်းမာရေးကို ဘယ်လိုဂရုစိုက်ဖြစ်ပါသလဲအစ်မ။
ခေမီက အဆီအအိမ့်များတဲ့ အစားအစာတွေမစားပါဘူး၊ နွားနို့ပုံမှန်သောက်တယ်၊ ကော်ဖီအရမ်းကြိုက်ပေမယ့် ကျန်းမာရေးအတွက် သိပ်အဆင်မပြေလို့ လျှော့သောက်ပါတယ်။ အသံအားကောင်းအောင် အမောခံနိုင်စေဖို့ ပြေးတဲ့လေ့ကျင့်ခန်းလုပ်ပါတယ်။ ပြီးတော့ သီချင်းဆိုခါနီးဆိုရင် ရေခဲရေကို လုံးဝမသောက်ပါဘူး၊ အဓိက အိပ်ရေးဝဖို့ အရေးကြီးပါတယ်။

Untitled-2
– ခန္ဓာကိုယ်ဝိတ်ကို ဘယ်လိုထိန်းဖြစ်ပါသလဲအစ်မ။
အဓိကက ယောဂကျင့်တယ်၊ ကတယ်၊ ပြီးတော့ သင်တန်းသားတွေကိုလေ့ကျင့်ပေးတယ်၊ ဒီလိုနည်းနဲ့ ဝိတ်က ထိန်းပြီးသားဖြစ်သွားပါတယ်။ အစားအသောက်ကတော့ ပုံမှန်ပဲစားဖြစ်ပါတယ်။

– သင်္ကြန်မှာကဲမယ့် ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်လေး ပြောပေးပါဦး။
သင်္ကြန်မှာကဲမယ်ဆိုရင် အဓိက အိပ်ရေးဝ၀အိပ်စက်ပါ၊ အပြင်ထွက်ရင်နေအရမ်းပူတော့ အဝတ်အစားကအစ ဂရုစိုက်ဆင်ခြင်ပါ၊ သင်္ကြန်မှာ အရက်တွေအရမ်းသောက်ပြီး မူးလာတဲ့အခါပူတယ်ဆိုပြီး ရေခဲရေတွေ လုံးဝ မသောက်ပါနဲ့။ အပူအအေးမျှတအောင်နေပါလို့ အကြံ ပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top