Healthy Life Ad
Health Tips

သရက်သီး စားရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်သလဲ

မီမိုး ( ဆေးဝါးကတ္ကသိုလ်)
သရက်သီးအရသာက ကောင်းပါတယ်။ အသီးမှာ ဘုရင်ဖြစ်တဲ့ သရက်သီး က သင့်ကို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များစွာ ပေးစွမ်းနိုင်ပါတယ်။

(၁) အင်တီအောက်ဆီးဒင့်ပါတဲ့ အတွက် ကင်ဆာကို ကာကွယ်နိုင်ပါတယ်
သရက်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့်တွေက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ လူကီးမီး ယားသွေးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

(၂) အမျှင်ဓာတ်ပါလို့ ကိုလက်စထရော ကျစေပါ တယ်
သရက်သီးမှာ အမျှင်ဓာတ်၊ ပက်တင်နဲ့ ဗီတာမင်စီတို့ ပါဝင်မှုများတာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို သိသိသာသာ လျော့ကျစေပါတယ်။

(၃) စားတာနဲ့ လိမ်းတာကြောင့် အသားအရေ ကြည်လင်စေပါတယ်
သရက်သီး စားပေးတာကြောင့် အသားအရေ လှပစေသလို သရက်သီးမှည့်ကို အရေပြားပေါ် လိမ်း ပေးတာကြောင့် ချွေးပေါက်ပိတ်ဆို့မှုကို ကြည်လင်စေပြီး ဝက်ခြံတွေကို ကင်းစင်စေပါတယ်။

(၄) ဗီတာမင်အေပါလို့ အမြင်အာရုံ ကောင်းမွန်စေပါတယ်
သရက်သီးစိတ် တစ်ခွက်စာမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေ ၂၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ အဲဒီအတွက် ညဘက် မျက်စိမမြင်တာနဲ့ မျက်စိ ခြောက်သွေ့တာတို့ မဖြစ်အောင် ကာကွယ်နိုင်ပြီး အမြင်အာရုံ ကောင်းမွန်စေပါတယ်။

(၅) ဆီးချိုရောဂါ
သရက်သီးဟာ သွေးထဲက အင်ဆူလင်အဆင့်ကို ပုံမှန်ဖြစ်စေပါတယ်။ ဆီးချို ရောဂါရှိသူတွေအနေနဲ့ သွေး တွင်းသကြားဓာတ်ထိန်းချုပ်မှု ကောင်းနေချိန်မှာ သရက်သီးကို စားပေးသင့်ပါတယ်။

(၆) အိမ်ထောင်မှု သုခပြည့်ဝစေပါတယ်
သရက်သီးမှာ ဗီတာမင်အီး ပါဝင်မှုမြင့်မားတဲ့အတွက် အိမ်ထောင်ရှင်တွေအကြား လိင်ဆန္ဒကို ကောင်းမွန်စေပါတယ်။

(၇) အစာကြေညက်စေပါတယ်
ပရိုတင်းဓာတ်ကို ချေဖျက်တဲ့ အင်ဇိုင်းပါဝင်တဲ့ အသီးက သင်္ဘောသီးတစ်မျိုးတည်း မဟုတ်ပါဘူး။ သရက်သီးမှာလည်း အလားတူ အာနိသင်ပါဝင်တဲ့အတွက် အစာကြေညက်စေပါတယ်။ သရက်သီးမှာပါတဲ့ အမျှင်ဓာတ်က အစာကြေညက်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

(၈) အပူဒဏ်ကို လျော့ကျစေပါတယ်
သရက်သီးဖျော်ရည်သောက်တာကြောင့် ခန္ဓာကိုယ် အပူဒဏ်လျော့ကျပြီး ခန္ဓာကိုယ် ထိခိုက်မှု အန္တရာယ် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သရက်သီးဖျော်ရည် သောက်တာကြောင့် ကြွက်သားတွေကို သန်စွမ်းစေပြီး ကျောက်ကပ်ကနေ အဆိပ်အတောက်တွေကို စွန့်ထုတ်နိုင်ပါတယ်။

(၉) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်
သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေနဲ့ ဗီတာမင်စီများများပါဝင်ပြီး ကာရိုတီးနွိုက်ပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို ကျန်းမာသန်စွမ်းစေပါတယ်။

(၁၀) ခန္ဓာကိုယ်စံဓာတ်ကို ဟန်ချက်ညီစေပါတယ်
သရက်သီးမှပါတဲ့ တာတာရစ်အက်ဆစ်၊ မဲလ်လစ်အက်ဆစ်နဲ့ ဆစ်ထရစ်အက်ဆစ် စတာတွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ စံဓာတ်ကို ဟန်ချက်ညီစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top