Healthy Life Ad
Life Style

ဗိုက်ပူရခြင်းအကြောင်းရင်းနှင့် ဗိုက်ပူခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

မြန်မာလူမျိုးတွေက အထူးသဖြင့် အသက် ၃၅ နှစ်ကျော်လာချိန်မှာ ဗိုက်ပူလာကြပါတယ်။ အသက် ၄၀ ကျော်သွားရင်ဝိတ်ချရတာလည်း ခက်သွားတယ်၊ ဗိုက်ချပ်အောင်လည်းလုပ်ဖို့ ခက်သွားပါတယ်။ ဗိုက်ပူရတဲ့အဓိကအကြောင်းရင်းကတော့ မြန်မာလူမျိုးတွေကဟင်းအနှစ်တွေကို ကြိုက်ကြတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူစ တာတွေနဲ့ ချက်ထားတဲ့ ဟင်းအနှစ်တွေနဲ့ ထမင်းတွေနယ်စားကြတယ်။ ဒီလိုစားတဲ့အကျင့်က ဗိုက်ပူ စေတဲ့ ပထမအချက်ပါ။

ဗိုက်ပူစေတဲ့ ဒုတိယအချက်က ဘူးသီးကြော်၊ ဗယာကြော်စတဲ့ဆီကြော်စာတွေကိုလည်း သိပ် ကြိုက်ပြီး အလွန်အမင်း စားဖြစ်လို့လည်း ဗိုက်ကပူလာတတ်ပါတယ်။ဗိုက်ပူစေတဲ့တတိယအချက်ကတော့ အသက် ၃၅ နှစ်ကျော် အရွယ်တွေက အစာစားပြီးထိုင်ကြ တာများတယ်။ အရင် ငယ်ရွယ်ချိန်တုန်းကတော့ စားပြီး သွက်သွက်လက်လက် လှုပ်ရှားကြပေမယ့် ဒီအရွယ်ရောက်လာတဲ့အခါ အလုပ်လုပ်လို့ပဲဖြစ်ဖြစ် ထိုင်တာများလာပါတယ်။ အသက်ကြီးလာတဲ့အရွယ်မှာတော့ စားပြီးပြီးချင်းထိုင်တာကြောင့် ဗိုက်ပူလာကြတာဖြစ်ပါတယ်။ လူလတ်ပိုင်းအရွယ်တွေက ရုံးမှာ တစ်နေ့ ရှစ်နာရီလောက် ထိုင်တဲ့အတွက် ဗိုက်ပူလာကြတာ များပါတယ်။ယောကျာ်းလေးတွေကို ပြောရရင်တော့အဓိက ဘီယာသောက်လို့ ဗိုက်ပူလာကြတာပါ။

– ဗိုက်ပူခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများ

လေ့ကျင့်ခန်း လုပ်ပါ

ဗိုက်မပူအောင်ထိန်းချင်တယ်ဆိုရင် လေ့ကျင့် ခန်းလုပ်ရမယ်။ ဒါမှမဟုတ် ထမင်းစားပြီးပြီးချင်း အနည်းဆုံး ၁၅ မိနစ် လမ်းလျှောက်ပေးရပါမယ်။ ဒါဆိုရင်ဗိုက်ပူတာ အများကြီး သက်သာသွားလိမ့်မယ်။ တချို့လူတွေ အသက် ၄၅ နှစ်အထက်အရွယ် မှာ ဝိတ်ချတဲ့အခါ လူက ပိန်သွားတယ် . . ဒါပေမဲ့ ဗိုက်ကပူပြီးကျန်ခဲ့တယ်။ ဒါက လေ့ကျင့်ခန်း မလုပ်လို့ပါ။ လေ့ကျင့်ခန်းမလုပ်ရင်ဗိုက်မှာရှိတဲ့ အဆီက ဘယ်တော့မှမကျနိုင်ပါဘူး။ အကောင်းဆုံးက ဗိုက်ပူတာလျှော့ကျစေဖို့ လုပ်သင့်တဲ့နည်းလမ်းက ဘယ်ရီရိုက်တာပဲ ဖြစ်ပါတယ်။

ဘီယာကို ရှောင်ပါ

အဆီအအိမ့်နှင့် ဆီကြော်စာများ၊ ဟင်းအနှစ်များ ရှောင်ပါ

အစားအသောက်အနေနဲ့ အဆီလျှော့ရမယ်၊ ဆီကြော်စာတွေကို တတ်နိုင်သမျှ ရှောင်ရမယ်၊ အသီးအရွက်များများ စားရပါမယ်။

Most Popular

Healthy Life Ad
To Top