Healthy Life Ad
Health Tips

သက်ရှည်ကျန်းမာစေဖို့ နေ့စဉ်စားနေကျအစာထဲ ထည့်သွင်းသင့်သည့် အရာ ၅မျိုး

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

သက်ရှည်ကျန်းမာတာက မျိုးဗီဇနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။ ဘဝတစ်လျှောက်လုံး လိုက်နာကျင့်သုံးခဲ့တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့လည်း ဆက်စပ်နေပါတယ်။ သက်ရှည်ကျန်းမာလိုတယ်ဆိုရင် သင့်ခန္ဓာကိုယ်အတွက် အောက်ပါအစားအသောက်တွေကို မှီဝဲပေးသင့်ပါတယ်။

k3
(၁) ပျားရည်

ပျားရည်မှာဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့အတွက် ကျန်းမာစေပါတယ်။ ဒါ့အပြင် အင်တီအောက်ဆီးဒင့်လည်း ပါဝင်တာကြောင့် မကောင်းတဲ့ဖရီးရယ်ဒီကယ်နဲ့ ကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးနိုင်ပြီး အိုမင်းမှုဖြစ်စဉ်ကို နှေးစေပါတယ်။

kk1
(၂) သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်ဟာ ဟင်းလျာတွေရဲ့အရသာကို တိုးစေရုံသာမက ပိုပြီးအသက်ရှည်ကျန်းမာတဲ့ ဘဝကိုလည်း ပိုင်ဆိုင်စေပါတယ်။ သစ်ကြံပိုးခေါက်မှာ နာတာရှည်ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်စွမ်း ပါရှိပါတယ်။ ဒါကြောင့် နာတာရှည်ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ အဝလွန်ရောဂါ၊ အဆစ်ရောင်တာ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ တခြားကျန်းမာရေး ပြဿနာတွေမဖြစ်အောင် အထိုက်အလျောက် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သစ်ကြံပိုးခေါက်ဟာ သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း လျော့ကျစေပါတယ်။

k2
(၃) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ သွေးကျဲစေတဲ့ အာနိသင်ရှိပြီး သွေးတိုးတာကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် သွေးခဲတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်မှိုတွေကို တွန်းလှန်ပေးနိုင်ပြီး ကင်ဆာဆဲလ်တွေကိုတောင် သေစေနိုင်ပါတယ်။ ကြက်သွန်ဖြူရဲ့ သက်ရှည်ကျန်းမာတဲ့ အစွမ်းရရှိစေဖို့ အစိမ်းလိုက်စားပေးတာ ပိုကောင်းပါတယ်။

k1
(၄) သံလွင်ဆီ

သံလွင်ဆီမှာ အင်တီအောက်ဆီးဒင့်ပါဝင်မှု များပါတယ်။ သံလွင်ဆီဟာ ကောင်းတဲ့ကိုလက်စထရောအဆင့်ကို တိုးစေပြီး မကောင်းတဲ့ကိုလက်စထရောအဆင့်ကို လျော့ကျစေတဲ့အတွက် သွေးတိုးကျစေပါတယ်၊ နှလုံးသွေးကြောရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။ အင်တီအောက်ဆီးဒင့်ပါတဲ့ သံလွင်ဆီဟာ အိုမင်းမှုဖြစ်စဉ်ကိုလည်း နှေးစေပါတယ်။

kk2
(၅) အမည်းရောင် ချောကလက်

အမည်းရောင်ချောကလက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင်စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ အမည်းရောင်ချောကလက်မှာ ကိုကိုး ၇၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top