Healthy Life Ad
Life Style

ဘယ်တော့မှ အရှုံးမပေးလိုက်လေနဲ့ . .

စူး( ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာ လယ်သမားတစ်ယောက်ရဲ့ မြည်းတစ်ကောင်က ရေတွင်းထဲကို ပြုတ်ကျသွားခဲ့ပါတယ်။ လယ်သမားဟာ သူ့မြည်းကို ဘယ်လို ကယ်တင်ရမလဲဆိုတာ မသိဘဲဖြစ်နေတော့ မြည်းဟာ နာရီပေါင်းများစွာ ကြောက်လန့်တကြား ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြည်းက အိုမင်းနေတဲ့အတွက် ပြန်ရလည်း သိပ်တန်ဖိုးမရှိတော့ပါဘူးလို့ လယ်သမားက ဆုံးဖြတ်ခဲ့တယ်။

ဒါနဲ့ သူ့အိမ်နီးချင်းတွေကို ရေတွင်းပျက်ကို ဖုံးအုပ်ဖို့ အကူအညီတောင်းလိုက်တဲ့အခါ အိမ်နီးနားချင်းတွေက ရေတွင်းထဲကို ဂေါ်ပြားနဲ့ ဆီးနှင်း တွေလှည်းချခဲ့ကြတယ်။ ပထမတော့ ရေတွင်းပျက်ထဲက မြည်းက ဘာဖြစ်သွားတာလဲဆိုပြီး အံ့အားလည်း သင့်၊ ထိတ်လည်းထိတ်လန့်နေခဲ့ရှာတယ်။

အဲဒီအချိန်မှာ လယ်သမားက နှင်းခဲတွေပြည့်နေတဲ့ ရေတွင်းပျက်ထဲကို ကြည့်ပြီး ကြက်သေသေသွားခဲ့တယ်။ မြည်းဟာ သူ့ကိုယ်ပေါ်က နှင်းခဲတွေကို ခါရမ်းလိုက်၊ အဲဒီအပေါ်ကို တစ်ဆင့်တက် လှမ်းလိုက်၊ ထပ်ထပ်ဖို့လိုက်တဲ့ နှင်းခဲတွေကို ခါရမ်းလိုက်၊ နောက်တစ်ဆင့် ထပ်မံ တက်လှမ်းလိုက်နဲ့ နောက်ဆုံးမှာတော့ မြည်းဟာ ရေတွင်းပျက်အပေါ်ကို အောင်မြင်စွာ ရောက်ရှိလာခဲ့လို့ပါပဲ။

စာစုက ပေးချင်သော သင်ခန်းစာ
ဘဝခရီးလမ်းမှာ သင့်ခန္ဓာကိုယ်ပေါ်ကို နှင်းခဲနဲ့တူတဲ့ လောကဓံတရားက ပိကျနေမှာပါ။ သင့်မှာ မလျှော့တဲ့ ခွန်အားသာ ရှိမယ်ဆိုရင် အနက်ရှိုင်းဆုံး ရေတွင်းထဲကနေ ထိပ်ဆုံးကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဘယ်သောအခါမှ မစွန့်လွှတ်လိုက်ပါနဲ့။ ကိုယ့်အပေါ်ကျရောက်တဲ့ ဆိုးဝါးတဲ့ လောကဓံကို ခါချလိုက်၊ တစ်ဆင့်ထပ်မံ တက်လှမ်းလိုက် ကြိုးစားလိုက်ရအောင်။

Most Popular

Healthy Life Ad
To Top