Healthy Life Ad
International

ကမ္ဘာပေါ်တွင် လူအများ စောစော သေဆုံးရသည့် အဓိက အကြောင်းရင်း

မိုးမင်းထွန်း

ကျန်းမာရေး စောင့်ရှောက်မှု ကောင်းတဲ့ နိုင်ငံတွေမှာ နိုင်ငံသားတွေက ကူးစက်ရောဂါတွေနဲ့ သေဆုံးနိုင်ခြေ နည်းပြီး ဘဝသက်တမ်းနဲ့ ဘဝနေထိုင်မှု အရည်အသွေးက မြင့်မားနေပါတယ်။ ဆင်းရဲတဲ့ နိုင်ငံ တွေမှာတော့ ကာကွယ်လို့ရတဲ့ ရောဂါဝေဒနာတွေနဲ့ သေဆုံးနှုန်း ပိုများပါတယ်။ ဥပမာ အာဖရိကန်နိုင်ငံမှာ အရွယ်မတိုင်ခင် စောစော သေဆုံးစေတဲ့ အဓိက အကြောင်းရင်းက နမိုးနီးယားအဆုတ်ရောင် ရောဂါ၊ HIV , AIDS ရောဂါ၊ ငှက်ဖျားရောဂါနဲ့ ဝမ်းပျက် ဝမ်းလျှော ရောဂါတွေလို ကူးစက်ရောဂါတွေကြောင့် ဖြစ်ကြပါတယ်။ ဒီရောဂါဝေဒနာတွေနဲ့ စောစောစီးစီး သေဆုံးကြသူတွေဟာ အများအားဖြင့် အလွန်ငယ်ရွယ်ပြီး သေဆုံးသူ ၁၀ ဦးမှာ လေးဦးကျော်က အသက် ၁၅ နှစ်အောက်အရွယ်တွေ ဖြစ်ကြပါတယ်။
ဆော်ဒီအာရေဗီးယားလို တခြားနိုင်ငံတွေမှာဆိုရင် စောစောသေဆုံးတာက အန္တရာယ်များတဲ့ စွန့်စားမှု တွေကြောင့် ဖြစ်တတ်ပါတယ်။ လတ်တလော အနေနဲ့ ကားမတော်တဆ တိုက်တာဟာ စောစော သေ ဆုံးစေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ လူငယ်တွေက လမ်းပေါ်မှာ ကားကို စတန့်ထွင် မောင်းနှင်တဲ့အတွက် နေ့စဉ် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၉ဦးရှိတယ် လို့သိရပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ အရွယ်မတိုင်ခင် စောစောသေဆုံးမှုများပါတယ်။ နှစ်စဉ် သေဆုံးမှု ရဲ့ ၂၅၀ဝ၀ ခန့်ဟာ လူသတ်မှုကြောင့် ဖြစ်တတ်ပြီး ဒါက အချိန်မတိုင်ခင် စောစော သေဆုံးမှု ဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နဲ့ အနောက်နိုင်ငံ အများစုမှာ စောစော သေဆုံးရတဲ့ အဓိက အကြောင်းရင်းက စီးပွားရေး အခြေအနေ ကောင်းမွန်မှုနဲ့ ဆက်စပ်နေပါတယ်။ စီးပွားရေး အခြေအနေ ကောင်းမွန်မှုကြောင့် လေထု ညစ်ညမ်းတာ၊ အထိုင်များတဲ့ နေထိုင်မှု ပုံစံရှိတာနဲ့ အဆင်သင့်အစာ စတာတွေ ပေါများလာရာက နှလုံး ရောဂါလို ရောဂါတွေဖြစ်ပြီး ပျမ်းမျှ လူ့သက်တမ်း ထက် စောစော သေဆုံးရတာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top