Healthy Life Ad
Health Tips

ကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ (HIV survival outside the body)

ဒေါက်တာတင့်ဆွေ

HIV ဗိုင်းရပ်စ်ပိုးဟာ လူ့ကိုယ်ခန္ဓာထဲကနေ ထွက်လာရင် ရောက်နေတဲ့ ပတ်ဝန်းကျင်အခြေအနေအပေါ်မှာ မူတည်ပြီး ရှင်သန်နိုင်တယ်။ တချို့နေရာတွေမှာ ရက်သတ္တပါတ်တွေအထိ ရှင်တယ်။ တချို့နေရာတွေမှာ ဒီလောက်ကြာကြာ မရှင်နိုင်ပါ။ သူတို့ရှင်သန်နိုင်စွမ်းဟာ ကိုယ်ကနေထွက်တဲ့ အရည်တွေအပေါ်မှာ မူတည်တယ်။ အရည်ထုထည် ဘယ်လောက်များသလည်း။ အရည်ရဲ့အပူချိန်၊ အက်စစ်ဓါတ်၊ ရေငွေ့ဓာတ်နဲ့ နေရောင်။ အခုထိ ကိုယ်ထဲကနေ ထွက်ပြီးသား သွေး၊ သုက်ရည်၊ တခြားအရည်တွေကနေတဆင့် HIV ကူးစက်ခဲ့တယ်ဆိုတဲ့ လူနာမရှိသေးပါ။ အဲလိုအရည်နဲ့ သွေးတွေထဲမှာ မှန်ဘီလူးနဲ့စစ်ရင်တော့ HIV ပိုးတွေ ပါနေတာ တွေ့နိုင်တယ်။ အရေအတွက်အရ ကူးစက်နိုင်အောင် မများလို့ဖြစ်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့် သတိထားကိုင်တွယ်ဖို့ လမ်းညွှန်ချက်ကို တိတိကျကျ ထုတ်ထားပါတယ်။

HIV ပိုးဟာ အပူဒဏ်ကို မခံနိုင်ပါ။ အေးလွန်းတာလည်း မခံနိုင်ပါ။ 60°C ကျော်ရင် သေကုန်တယ်။ အခန်းတွင်းအပူချိန်မှာ ရှိနေရင် ပိုးအရေအတွက်နည်းတော့ မသွားပါ။ 4°C မှာထားရင် ခြောက်နေတဲ့သွေးထဲမှာ ၇ ရက်နေနိုင်တယ်။ ဓါတ်ခွဲခန်း စမ်းသပ်မှုတွေလုပ်ဖို့ HIV ပိုးပါတဲ့သွေးကို သိမ်းထားချင်ရင် – 70°C မှာထားရတယ်။ အပူချိန် 4°C မှာ သိမ်းထားရင် ကြာကြာရှင်တယ်။ 27 to 37°C မှာထားရင် ၇ ရက်ထက်ပိုမရှင်ဘူး။ အခန်းတွင်းအပူချိန်မှာထားရင် ခြောက်နေတဲ့ သွေးထဲမှာ ၅ ရက်ကနေ ၆ ရက်အထိ ရှင်မယ်။ pH level ကလည်း ထိန်းထာပြီး စမ်းသပ်ရမယ်။ ဒါကြောင့် ခြောက်နေတဲ့သွေးကနေ မကူးပါ။

“အခန်းတွင်းအပူချိန်မှာထားရင် ခြောက်နေတဲ့သွေးထဲမှာ ၅ ရက်ကနေ ၆ ရက်အထိ ရှင်မယ်။ pH level ကလည်း ထိန်းထာပြီး စမ်းသပ်ရမယ်။ ဒါကြောင့် ခြောက်နေတဲ့သွေးကနေ မကူးပါ။”

HIV ပိုးရှိလူနာပေါင်း ၈၀ဝ ကျော်ဆီကနေ သွေးထုတ်ယူပြီး အခြေအနေအမျိုးမျိုးမှာထားပြီး ပြန်စစ်ဆေးတော့ ဆေးထိုးအပ် ၁၀% မှာ ပိုးက ၁၁ ရက်အထိရှင်နေတာ တွေ့ရတယ်။ သွေးထုထည်က ၄၇% အပ်တွေထဲမှာ 2µl နဲ့ ၅၃% မှာ 20µl ူ ထက် နည်းတယ်။ ဆေးထိုးအပ်ထဲက သွေးထဲမှာ သည်အတိုင်းထားရင် ၄ ပါတ်အထိ ရှင်နေနိုင်တယ်။ မိလ္လာရေထဲမှာလည်း မရှင်နိုင်ပါ။ ဝမ်းနဲ့ဆီးထဲကနေ HIV ပိုး ရှာမရပါ။ စမ်းသပ်မှုတခုမှာတော့ အဲလိုအညစ်အကြေးထဲမှာ ရက်များများအထိ ရှင်နေနိုင်တယ်လို့ တွေ့ရပါတယ်။ ပင်လယ်ရေထဲမှာလည်း တခြားဗိုင်းရပ်စ်ပိုးတွေထက် ပိုမရှင်နိုင်ပါ။ လူသေအလောင်းကနေ HIV ပိုးကို ၁၁ ရက် ကနေ ၁၆ ရက်အထိ ရှာလို့တွေ့ပါတယ်။ ရေခဲတိုက်အပူချိန်က 2°C ရှိတယ်။

လူသေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို အပူချိန် 20°C မှာထားရင် HIV ပိုးဟာ ၁၄ ရက်အထိ ရှင်နိုင်တယ်။ ၁၆ ရက်နောက်မှာတော့ သိသာတဲ့အရေအတွက်အထိ မရှိတော့ပါ။ အခုလိုစမ်းသပ်မှုတွေမှာ လေနဲ့မိုးကို ထည့်မစဉ်းစားခဲ့ပါ။ HIV ပိုးဟာ(အယ်လ်ကာလီ)နဲ့ အက်စစ်ဓာတ်ခေါ် pH level မတူရင်လည်း ခံနိုင်ရည်မတူပါ။ pH 7 ထက် နည်းတာရော pH 8 ထက် များတာမှာပါ ကောင်းကောင်းမရှင်နိုင်ပါ။ ကျန်းမာနေတဲ့ အမျိုးသမီးရဲ့ ဗဂျိုင်းနာထဲမှာ အက်စစ်ဓါတ်အခြေအနေရှိလို့ HIV ပိုးဟာ ကြာကြာမရှင်နိုင်တာ ဖြစ်တယ်။

၂၀ဝ၃ ခုနှစ်က သြစတေးလျမှာလုပ်တဲ့ သုတေသနအရ HIV ဟာ လူ့ကိုယ်ခန္ဓာအပြင်ဖက်မှာ ရက်သတ္တပတ်တွေအထိ ရှင်နေနိုင်တယ်။ အဲဒီလိုရှင်ဖို့ ဗိုင်းရပ်ပမာဏ၊ သွေးထုထည်၊ အရည်ထုထည်၊ အပူချိန်၊ စိုထိုင်းဆနဲ့ နေရောင်တွေအပေါ်မှာ မူတည်တယ်လို့ ကောက်ချက်ချတယ်။

Most Popular

Healthy Life Ad
To Top