Healthy Life Ad
Q & A

မိုးတွင်းကာလ ဝမ်းပျက်ဝမ်းလျှောကင်းဝေးဖို့ . . .

မေး ။ မိုးတွင်းကာလမှာအဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောအကြောင်းကိုလည်း ပြောပြပေးပါဦးဆရာ။

ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာက အဓိကကတော့ ယင်နားတဲ့ လမ်းဘေးအစားအသောက်တွေ စားသောက်မိလို့ပါ။ မိုးရာသီမှာယင်တွေကလည်း ပေါပါတယ်။ ဒီအချိန်မှာ ယင်နားစာတွေ အစားများပြီး ဝမ်းပျက်ဝမ်းလျှောတွေဖြစ်တတ်ကြပါတယ်။ ဝမ်းလျှောပြီဆိုရင် အရည်တွေ သွားပါတယ်။ ပုံမှန် ဝမ်းငါးခါလောက်သွားတာကို ဝမ်းပျက်တယ်လို့ မခေါ်ပါဘူး။ ဝမ်းအရည်တွေချည်းသွားတာကို ဝမ်းပျက်တယ်လို့ ခေါ်ပါတယ်။ ဝမ်းသွားတဲ့ ပမာဏနဲ့ အကြိမ်ရေအပေါ် မူတည်ပြီး ရေဓာတ်ခမ်းခြောက်မှု ရှိပါတယ်။ အဲဒီမှာ နည်းနည်း၊ အသင့်အတင့်နဲ့ အလွန်အမင်းဆိုပြီး ရေဓာတ်ခမ်းခြောက်မှု အဆင့်သုံးဆင့်ခွဲခြားထားပါတယ်။

ရေဓာတ်ခမ်းခြောက်မှုက နည်းနည်းပဲဆိုရင် ဓာတ်ဆားရည်သောက်ပေးရပါမယ်။ ရေဓာတ်ခမ်းခြောက်တာက သိပ်ဆိုးလာပြီဆိုရင် နုံးတယ်၊ မလှုပ်နိုင်ဘူး၊ သွေးပေါင်က ၉၀/၆၀အောက်ပြုတ်ကျတတ်ပါတယ်။ ဒီလိုအခြေအနေဆိုရင် အမြန်ဆုံးရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်တဲ့အတွက် မပေါ့ဆဖို့လိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အလွန်အမင်း ရေဓာတ်ခမ်းခြောက်ရာက အသက်အန္တရာယ်ရှိတတ်ပါတယ်။

အဓိကက ယင်နားစာကို မစားဖို့၊ အမှည့်လွန် သစ်သီးတွေမစားဖို့၊ အစားအသောက်ရောင်းချတဲ့သူတွေအနေနဲ့လည်း ကိုယ်ရောင်းချတဲ့ အစားအသောက်ကတတ်နိုင်သမျှ သန့်ရှင်းလတ်ဆတ်နေအောင် ဂရုစိုက်ဖို့၊ ယင်မနားအောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top