Healthy Life Ad
Uncategorized

နန်းခင်ဇေယျာ၏ ကျန်းမာလှပ လူမှုဘဝ

Inner (2)

နန်းခင်ဇေယျာရဲ့ တစ်နေ့တာအသားအရေ ထိန်းသိမ်းဖြစ်ပုံ . . .
မနက်စောစောထထချင်း ရေအဝသောက်တယ်၊ မျက်နှာကို သေချာသစ်တယ်၊ ပြီးရင် တစ်နာရီလောက် လမ်းလျှောက်တယ်၊ ချွေးထွက်တော့ အသားအရေအတွက် ပိုကောင်းစေတယ်၊ တစ်ပတ်တစ်ခါ ဆိုင်သွားပြီးတော့ တစ်ကိုယ်လုံး ပေါင်းတင်ဖြစ်ပါတယ်၊ အသီးအနှံတွေစားပြီးတော့ အသားအရေ လှအောင်လည်း ထိန်းသိမ်းဖြစ်ပါတယ်၊ မျက်နှာကိုကျတော့ နန်းခင်တို့က မိတ်ကပ်အမြဲလိမ်းရတော့ သေချာ ဖျက်ရတယ်၊ ညနေပိုင်း ရှူတင်ကပြန်လာရင်လည်း မိတ်ကပ်ကိုသေချာဖျက်ပြီး Night Cream (ညလိမ်းခရင်မ်)လေး လိမ်းပြီးအိပ်ပါတယ်။

nan-khin-sayar1

အသားအရေအတွက် သဘာဝကုထုံး . .
အစ်မကတော့ အသားအရေကို သဘာဝနည်းနဲ့ ထိန်းသိမ်းတာပိုကောင်းတယ်လို့ ထင်ပါတယ်၊ အစ်မကိုယ်တိုင်ကလည်း အသားအရေအတွက်ကို အိမ်မှာ သဘာဝကုထုံးနဲ့လုပ်ရတာ ပိုသဘောကျပါတယ်၊ များသောအားဖြင့် အိမ်မှာလုပ်ဖြစ်တာက သခွားသီးနဲ့ မျက်နှာကို ပေါင်းတင်တယ်၊ ဝက်ခြံမထွက်အောင် သံပရာသီးနဲ့ လုပ်ဖြစ်ပါတယ်၊ တစ်ခါတလေ မျက်နှာကို ခရမ်းချဉ်သီးနဲ့ ပေါင်းတင်ဖြစ်ပါတယ်။

ရှုတင်မှာ ကျန်းမာရေးပြဿနာ မရှိဖူး . .
အစ်မက ရှူတင်မှာကော ရှိုးပွဲတွေမှာကော ကျန်းမာရေးကြောင့် အခက်အခဲ မဖြစ်ခဲ့ဖူးပါဘူး။ အလှအပကြောင့်လည်း အခက်အခဲ မဖြစ်ခဲ့ဘူး။ မဖြစ်အောင်လည်း ဂရုစိုက်ပါတယ်၊ အစ်မတစ်ယောက်တည်း မဟုတ်ပါဘူး။ ဘယ်သူမဆို ကျန်းမာရေးအတွက်၊ အလှအပအတွက် အဆင်ပြေအောင် ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

မိတ်ကပ်ကို ကိုယ်တိုင်းလည်းပြင် . . .
မိတ်ကပ်ကို တစ်ခါတလေ ကိုယ်တိုင်လိမ်းတယ်၊ မိတ်ကပ်ဆရာနဲ့လည်း ပြင်ဖြစ်ပါတယ်၊ ဇာတ်ကားရိုက်ဖို့ အတွက်ဆိုရင်တော့ မိတ်ကပ်ဆရာနဲ့ပဲ လိမ်းတယ်။

မျက်လုံးကို လိမ်းခြယ်ရတာ ပိုကြိုက်. . .
အစ်မက ကိုယ်တိုင် မိတ်ကပ်လိမ်းဖြစ်ရင် အဓိကမျက်လုံးကို လိမ်းခြယ်ရတာ ပိုကြိုက်ပါတယ်။

နန်းခင်ဇေယျာ သုံးနေကျမိတ်ကပ် . . .
အစ်မက မိတ်ကပ်ဆိုရင် MAC သုံးဖြစ်ပါတယ်၊ Skin Care အတွက်ဆိုရင် SKB သုံးဖြစ်ပါတယ်။

မိတ်ကပ်ကြောင့် အသားအရေပျက်စီးဖူး . . .
အစ်မတို့က မိတ်ကပ်အမြဲလိမ်းရတော့ အသားအရေခြောက်တာနဲ့ ပျက်စီးတာတို့ ဖြစ်တယ်၊ တစ်ခါတလေ ရာသီဥတုကြောင့်လည်း အသားအရေပျက်စီးတာမျိုးတွေ ရှိပါတယ်၊ အသားအရေ ပျက်စီးလာပြီဆိုရင်လည်း သေချာပြန်ပြီး ဂရုစိုက်ရတာပေါ့။

အဖုအပိမ့်မပေါက်တတ်..
အစ်မအသားအရေက အဖုအပိမ့် မပေါက်တတ်ဘူး၊ တစ်ခါတလေ မိတ်ကပ်တွေ လိမ်းတာများလို့ အသားအရေ ခြောက်တာမျိုး ဖြစ်ဖူးတယ်၊ အဖုအပိမ့် မပေါက်အောင်လည်း ကျန်းမာရေး လိုက်စားတယ်၊ အပူတွေ၊ အစပ်၊ အငန်တွေ လျှော့စားတယ်။

အားလပ်ချိန်ကို အိမ်မှာပဲ အနားယူဖြစ်..
အစ်မက အားလပ်ချိန်ကို အိမ်မှာပဲ ကောင်းကောင်း အနားယူဖြစ်တယ်၊ တီဗွီကြည့်တယ်၊ သီချင်း နားထောင်တယ်၊ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားဖြစ်ပါတယ်။

ကောလဟလကို စိတ်မဝင်စား…
ကောလဟလဆိုတာ နေရာတိုင်းမှာ ရှိတာပေါ့၊ မဟုတ်မှန်တဲ့သတင်းကို ပြောတဲ့အတွက် စိတ်မဝင်စားပါဘူး၊ ကောလဟလကြောင့်လည်း အနုပညာအလုပ်ကို စွန့်လွှတ်ချင်စိတ် မဖြစ်ဖူးပါဘူး။

nan-khin-sayar3

စိတ်ဖိစီးမှုတွေဖြစ်ရင်..
အစ်မက စိတ်ဖိစီးမှုတွေဖြစ်ရင် အိမ်မှာပဲနေတယ်၊ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ စကားပြောတယ်၊ အပြင်မှာ မုန့်ထွက်စားဖြစ်ပါတယ်။အားကစားအနေနဲ့ Gym ဆော့ဖြစ်ပါတယ်။

nan-khin-sayar2

နန်းခင်လုပ်နေကျ အားကစား . .

ဝိတ်မတက်အောင် အစားအသောက်နဲ့ ပိုထိန်းဖြစ် . .
အစ်မက အသားကို သိပ်မစားဘူး၊ အသီးအရွက်များများ စားတယ်၊ အဆီအအိမ့် လျှော့စားတယ်။

ကျန်းမာရေးဗဟုသုတ . .
ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေရဖို့ စာစောင်တွေဖတ်တယ်၊ လူကြီးတွေပြောတာကို နားထောင်ပြီး လိုက်နာဖြစ်ပါတယ်။

ပရဟိတလုပ်ရလို့ စိတ်ထဲမှာ ဘယ်လိုခံစားချက်တွေ ဖြစ်ပါသလဲ . . .
ပရဟိတလုပ်တယ်ဆိုတာ ကုသိုလ်ကောင်းမှု လုပ်တာပဲပေါ့။

ကိုယ်လုပ်တဲ့ကောင်းမှုကြောင့် တစ်ပါးသူ ပျော်ရွှင်တယ်ဆိုတော့ အစ်မရဲ့စိတ်ထဲမှာလည်း အရမ်းကို ကြည်နူးမိပါတယ်။

ပရိသတ်ကို နန်းခင်ဇေယျာပေးချင်တဲ့ အကြံဉာဏ်
ရေများများ သောက်ကြပါ၊ ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top