Healthy Life Ad
Child

အိုင်ကျူမြင့်သူတို့၏ အကျင့်ကောင်းများကို အတုယူကြရအောင်

၊ ကိုထက် ၊

အိုင်ကျူမြင့်မားသူတွေအဖြစ် ကျော်ကြားတဲ့ အိုင်းစတိုင်း၊ အယ်ဒီဆင်တို့ဟာ ဇွဲရှိပြီး ကိုယ့်ကိုယ်ကိုယ် စည်းကမ်းချက်ချမှတ်နိုင်ကာ ဆန်းစစ်ဝေဖန်တွေးတောနိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ စာအုပ်စာပေကို အလွန်ဖတ်ရှုကြပြီး သူတို့အမြင်တွေကို စာရေးသားလေ့ရှိကြပါတယ်။ သူတိုရဲ့ မြင့်မားလှတဲ့ စာဖတ်စွမ်းရည်ဟာ ဉာဏ်ရည်ဉာဏ်သွေးကို ပိုမိုမြင့်မားလာအောင် ပံ့ပိုးပေးတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ကမ္ဘာ့ဉာဏ်အကောင်းဆုံး လူတချို့ဆီက ကောင်းမွန်တဲ့အကျင့်တွေကို အတုယူနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

အိုင်ကျူ
(Intelligence Quotient)

အိုင်ကျူဆိုတာ အသက်တူတဲ့သူနဲ့ နှိုင်းယှဉ်ပြီး ဉာဏ်ရည်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းကို ဖော်ပြချက်ပဲ ဖြစ်ပါတယ်။
ပျမ်းမျှ အိုင်ကျူ – ၁၀ဝ
ပျမ်းမျှအထက် အိုင်ကျု – ၁၁၅
ပါရမီ့ရှင်အိုင်ကျူ – ၁၄၀
ပါရမီ့ရှင်ထက်သာလွန်တဲ့ အိုင်ကျူ – ၁၆၀

ပါရမီ့ရှင်ထက် သာလွန်သည့် အိုင်ကျူ ရှိသူများ

(၁) အဲလ်ဘတ်အိုင်းစတိုင်း

Untitled-1

အိုင်ကျူ ၁၆၀ ရှိပြီး အသက် ၄ နှစ် အရွယ်အထိ စကားမပြောခဲ့ပါဘူး။

(၂) ဘီလ်ဂိတ်

Untitled-2

အိုင်ကျူ ၁၆၀ ရှိပြီး ပထမဆုံး စီးပွားရေးလုပ်ငန်း ဆုံးရှုံးခဲ့ပါတယ်။

(၃) သောမတ်စ်အယ်ဒီဆင်

Untitled-3

အိုင်ကျူ ၁၄၅ ရှိပြီး လျှပ်စစ်မီးသီးအတွက် အကြိမ်တစ်ထောင်ကျော် မအောင်မြင်ခဲ့ရသူပါ။

(၄) ဘန်ဖရန်ကလင်း

Untitled-4

အိုင်ကျူ ၁၆၀ ရှိပြီး အသက် ၁၀ နှစ်အရွယ်မှာ ကျောင်းအထုတ်ခံခဲ့ရပါတယ်။

(၅) ဘီသိုဗင်

Untitled-5

အိုင်ကျူ ၁၆၅ ရှိပြီး မအောင်မြင်နိုင်ဘူးလို့ အပြောခံခဲ့ရသူပါ။

အိုင်ကျူမြင့်မားသူတို့၏ အကျင့်ကောင်းများ

– စာဖတ်အားသန်သူများ ဖြစ်ကြသည်

အိုင်ကျူမြင့်သူတွေက စာဖတ်အားသန်သူတွေဖြစ်ကြတဲ့အတွက် အပြောအဟောစွမ်းရည် ကောင်းကြပါတယ်၊ ဆက်စပ်တွေးခေါ်နိုင်စွမ်း ပိုကောင်းပါတယ်၊ ပြဿနာဖြေရှင်းနိုင်စွမ်း ပိုကောင်းမွန်ကြပါတယ်၊ အာရုံစူးစိုက် နိုင်စွမ်း မြင့်မားကြပါတယ်၊ အရေးအသားစွမ်းရည် သာလွန်ကြပါတယ်၊ မှတ်ဉာဏ်ကောင်းမွန်ကြပါတယ်။ တစ်နေ့မှာ အချိန် ၁၅ မိနစ် စာဖတ်တာက တစ်နှစ်မှာ စကားလုံး တစ်သန်းကျော် ထိတွေ့မိပါတယ်။

– ကိုယ့်ကိုယ်ကိုယ် စည်းကမ်းသတ်မှတ်ထားသူများဖြစ်ကြသည်

တခြားသူတွေနဲ့စာရင် အိုင်ကျူမြင့်သူတွေက အပျော်အပါးကိစ္စတွေမှာ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းသတ်မှတ်ပြီး ထိန်းချုပ်နိုင်သူတွေ ဖြစ်ကြပါတယ်။

– လက်တွေ့ကျကျ စဉ်းစားတွေးခေါ်သူများ ဖြစ်ကြသည်

အိုင်ကျူမြင့်တဲ့သူတွေက လက်တွေ့ကျကျ စဉ်းစားတွေးခေါ်တတ်ပြီး နှိုင်းယှဉ်သုံးသပ်တာ၊ ဆန်းစစ်ခွဲခြားတာ၊ ဖောက်ထွက်တွေးခေါ်တာတို့လည်း လုပ်တတ်ပါတယ်။

အိုင်ကျူမြင့်မားသူတို့၏ မကောင်းသော အကျင့်များ

အိုင်ကျူမြင့်သူတွေမှာ မကောင်းတဲ့ အကျင့်တွေလည်းရှိပေမယ့် ကျန်းမာရေးအတွက် ကောင်းတဲ့အကျင့် တွေကိုပဲ အတုယူသင့်ပါတယ်။

– ညဉ့်နက်သည်အထိ မအိပ်သူများဖြစ်ကြသည်

အိုင်ကျူမြင့်တဲ့သူတွေက ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေသူတွေ ဖြစ်ကြပါတယ်။ အိပ်ရေးပျက်တာက နှလုံးရောဂါ၊ အဝလွန်ရောဂါ၊ စိတ်ကျရောဂါ စတာတွေ ဖြစ်နိုင်ခြေ မြင့်မားကြပါတယ်။

– စိတ်ပူပင်သောကများသူများ ဖြစ်ကြသည်

ပူပင်သောကများသူတွေဟာ ကျန်းမာသူတွေထက် အိုင်ကျူရမှတ် ပိုများတယ်လို့ ၂၀၁၂ လေ့လာမှုအရ တွေ့ရှိခဲ့ရပါတယ်။ နာတာရှည် ပူပင်သောကများတာကြောင့် စိတ်ကျရောဂါ၊ ဆေးလိပ်သောက်တာနဲ့ စိုးရိမ်စိတ်လွန်ကဲ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။

(Ref;MD)

Most Popular

Healthy Life Ad
To Top