Healthy Life Ad
Health Tips

ဉာဏ်ရည်မြင့်စေရန် တရားမှတ်နိုင်သော နေရာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

စိတ်ရဲ့ငြိမ်းချမ်းမှုအစစ်အမှန်ကို ရှာဖွေတာကြောင့် အာရုံစူးစိုက်အားကောင်းပြီး မှတ်ဉာဏ်စွမ်းအား ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ လတ်တလော လေ့လာမှုအရ တစ်နေ့ မိနစ် ၂၀ တရားထိုင်သူတွေဟာ တရားမထိုင်သူတွေနဲ့ယှဉ်ရင် လေးရက်အကြာမှာ သူတို့ရဲ့ မှတ်ဉာဏ်နဲ့ တွေးခေါ်စွမ်းအားတို့သိသိသာသာ တိုးမြင့်လာခဲ့ ကြောင်းသိရပါတယ်။ တရားမှတ်ခြင်းရဲ့ အကျိုးကျေးဇူးကိုရရှိစေဖို့ရာအတွက် အချိန်မပေးနိုင်တဲ့သူတွေအတွက် အလုပ်လုပ်ရင်းနဲ့ တရားမှတ်နိုင်ဖို့ရာအတွက် ဖော်ပြပေးလိုက်ပါတယ်။

– ရေချိုးနေစဉ် သို့မဟုတ် အိုးခွက်ပန်းကန် ဆေးကြောနေစဉ်

အရေပြားပေါ် ရေထိနေတဲ့အချိန်မှာ အသက်ရှူသွင်းတာနဲ့ အသက်ရှူထုတ်တာတို့ကို အာရုံပြုထားပါ။ ဒါဆိုရင် စိတ်အေးချမ်းမှုကို ရရှိစေပါတယ်။

– ကလေးကျောင်းဆင်းချိန်ကို စောင့်ကြိုနေစဉ်

ကျောင်းရှေ့မှာ ကလေးကျောင်းဆင်းချိန်ကို စောင့်နေရတာက ပျင်းရိငြီးငွေ့စရာကောင်းပါတယ်။ အဲဒီအချိန်မှာ အသက်ရှူသံကို အာရုံပြုပြီး ဝင်လေ၊ ထွက်လေကို မှတ်နေလိုက်ပါ။

– နေ့လယ်စာ သို့မဟုတ် ညစာ စားနေစဉ်

အစားအသောက်ကို မစားခင်မှာ ထမင်းစားပွဲမှာထိုင်ပြီး မျက်လုံးတွေကို စုံမှိတ်ထားကာ အကြိမ်ပေါင်းများစွာ အသက်ဝ၀ရှူသွင်း၊ ရှူထုတ်ပေးပါ။ ပြီးရင် မျက်လုံးကိုပြန်ဖွင့်ပြီး ရှေ့က အစားအသောက်တွေကိုကြည့်ပါ။ အစားအစာကို ကြေညက်အောင်ကြိတ်ဝါးပြီး ဖြည်းဖြည်းချင်းစားပါ။ ဒီနည်းလမ်းဟာ အစာကို အလွန်အကျွံမစားဖြစ်အောင်နဲ့ လေပွတာ၊ အစာမကြေတာစတဲ့ ပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top