Healthy Life Ad
Life Style

မိတ်ဆွေကောင်းနှင့် ခရီးသွားခြင်း

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

မိတ်ဆွေသူငယ်ချင်းနှစ်ယောက်ဟာ သဲကန္တာရအတိုင်း ခရီးနှင်ခဲ့ကြတယ်။ ခရီးလမ်းတစ်နေရာရောက်တော့ သူတို့နှစ်ယောက် စကားများပြီး အငြင်းအခုန်ဖြစ်ကာ ကိုထူးက ကိုခိုင်ရဲ့ မျက်နှာကို လက်ဝါးနဲ့ ရိုက်လိုက်ပါတယ်။ ကိုခိုင်လည်း နာကျင်သွားတယ်။ ဒါပေမဲ့ ဘာစကားတစ်ခွန်းမှ မပြောဘဲ သဲသောင်ပြင်ပေါ်မှာ စာရေးခဲ့တယ်။

“ဒီနေ့ ငါ့အချစ်ဆုံး သူငယ်ချင်းက ငါ့မျက်နှာကို လက်ဝါးနဲ့ရိုက်ခဲ့တယ်”

သူတို့နှစ်ယောက် ဆက်လျှောက်လာလိုက်တာ . . အိုအေစစ်တစ်ခု တွေ့တဲ့အထိပါပဲ။ အိုအေစစ် တစ်ခုတွေ့တော့ ရေချိုးဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီမှာ ကိုခိုင်က ရေနစ်သွားတော့ ကိုထူးက သူ့ကို အသက်ကယ်ခဲ့တယ်။ ကိုခိုင် သတိပြန်ရလာတဲ့အခါမှာ ကိုထူးက ကျောက်တုံးတစ်တုံးပေါ် စာရေးခဲ့တယ်။

“ဒီနေ့ ငါ့အချစ်ဆုံး သူငယ်ချင်းက ငါ့အသက်ကို ကယ်ခဲ့တယ်”

အဲဒီတော့ ကိုထူးက ကိုခိုင်ကို မေးခဲ့ပါတယ်။
“ငါမင်းကို နာကျင်အောင် လုပ်တုန်းက သဲသောင်ပြင်ပေါ်စာရေးပြီး ဘာလို့အခုကျတော့ ကျောက်တုံးပေါ် စာရေးရတာလဲ”

ကိုခိုင်ပြန်ဖြေလိုက်တာကတော့-

“တစ်ယောက်ယောက် နာကျင်အောင်လုပ်တဲ့အခါမှာ ငါတို့ သဲသောင်ပြင်ပေါ်မှာပဲ စာရေးသင့်တယ်လေ၊ ဒါမှ ခွင့်လွှတ်ခြင်းနဲ့တူတဲ့ လေက အဲဒါကို အလွယ်တကူဖျက်နိုင်မှာ။ ဒါပေမဲ့ တစ်ယောက်ယောက်က ငါတို့အပေါ် ကောင်းကျိုးပြုခဲ့ပြီဆိုရင်တော့ ဘယ်အရာကမှ မဖျက်နိုင်ဘဲ နက်နက်ရှိုင်းရှိုင်း သိမြင်နိုင်အောင် ကျောက်တုံးပေါ်ရေးသင့်တယ်”

စာစုက ပေးချင်သော သင်ခန်းစာ
ဘဝမှာ ကြုံဆုံတဲ့ အခက်အခဲတွေထက် ဘဝမှာ ပိုင်ဆိုင်ရသူတွေကို တန်ဖိုးထားတတ်ဖို့ ဒီစာစုက ပညာပေးတယ်လို့ ထင်ပါတယ်။

Most Popular

Healthy Life Ad
To Top