Healthy Life Ad
Life Style

မကူညီတတ်သော သူငယ်ချင်းများ…

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဖြူဖွေးဆိုတဲ့ ယုန်လေးက တောထဲမှာနေပါတယ်။ သူ့မှာ မိတ်ဆွေသူငယ်ချင်း မြောက်များစွာရှိတဲ့အတွက် သူငယ်ချင်းတွေနဲ့ ပတ်သက်ရင် အလွန်ဂုဏ်ယူတတ်သူပါ။

တစ်နေ့မှာတော့ ဖြူဖွေးလေးဟာ တောခွေးတွေ ကျယ်လောင်စွာဟောင်တဲ့ အသံကို ကြားခဲ့ရပါတယ်။ သူအလွန်အမင်း ကြောက်ရွံ ့တုန်လှုပ်ခဲ့ပါ တယ်။ အကူအညီတောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့မိတ်ဆွေသမင်ဆီကို အမြန်ဆုံးသွားခဲ့တယ်။

“ချစ်သောမိတ်ဆွေ . . တောခွေးတချို ့ ကျွန်တော့်နောက်လိုက်နေပါတယ်။ သူတို့ကို ခင်ဗျားရဲ ့ဦးချိုတွေနဲ့ နောက်ကလိုက်တိုက်ခိုက်ပေးနိုင်သလား”

“ကူညီသင့်တာ မှန်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်အလုပ်များနေတယ်။ ဝက်ဝံကို အကူအညီတောင်းကြည့်ပါ့လား”လို့ သမင်ကပြောတယ်။
ယုန်ကလေးဖြူဖွေးက ဝက်ဝံဆီ ပြေးသွားခဲ့ပါတယ်။

“ချစ်မိတ်ဆွေဝက်ဝံကြီး၊ သင်က အလွန်အမင်းသန်စွမ်းသူပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါဦး။ တောရိုင်းတချို ့က ကျွန်တော့်နောက်က လိုက်နေလို့ သူတို့ကို လိုက်ဟန့်ပေးပါဦး”

ဝက်ဝံက ပြန်ဖြေခဲ့ပါတယ်။

“ကျွန်တော်တောင်းပန်ပါတယ်။ အခု ဗိုက်ဆာပြီး ပင်ပန်းနေလို့ အစားအစာတချို ့ ရှာဖို့လိုတယ်။ မျောက်တွေကို အကူအညီတောင်းကြည့်ပါလား”

ယုန်ကလေးဖြူဖွေးက မျောက်၊ ဆင်၊ ဆိတ် နဲ့ တခြားသူငယ်ချင်းအားလုံးဆီသွားပြီး အကူအညီတောင်းခဲ့ပါတယ်။ ဘယ်သူမှသူ့ကို မကူညီနိုင်လို့ ဖြူဖွေးမှာ ဝမ်းနည်းခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဖြူဖွေးဟာ သူ့အကြောင်းကို သူကလွဲပြီး တွေးတဲ့သူမရှိဘူးဆိုတာ နားလည်လာခဲ့ပါတော့တယ်။ ချုံပုတ်လေးတစ်ခုအောက်မှာပုန်းပြီး ငြိမ်ငြိမ်လေးနေခဲ့တဲ့အခါ တောခွေးတွေက ဖြူဖွေးနောက်ကို မလိုက်တော့ပါဘူး။ တခြားတိရစ္ဆာန်လေးတွေနောက်ပဲ လိုက်နေခဲ့ပါတယ်။

နောက်ဆုံးမှာ ဖြူဖွေးလေးဟာ မကူညီတတ်တဲ့ မိတ်ဆွေတွေကို မမှီခိုတော့ဘဲ သူ့ကိုယ်သူအသက်ရှင်အောင် ဘယ်လိုကြိုးစားနေထိုင်ရမယ်ဆိုတာ လေ့လာသိရှိလာခဲ့ပါတော့တယ်။

ဒီစာစုလေးက တခြားသူတွေကို မမှီခိုဘဲ ကိုယ့်ကိုယ်ကိုယ် အားကိုးနေထိုင်တာကသာ အမှန်ဆုံး ဘဝနေထိုင်နည်းဖြစ်တယ်ဆိုတာ ပြသနေပါတယ်။

Most Popular

Healthy Life Ad
To Top