Healthy Life Ad
Health Tips

ကြက်သား ခရမ်းချဉ်သီးသုပ်

ကြက်သားခရမ်းချဉ်သီးသုပ်မှာ ပရိုတင်း ပါဝင်မှု မြင့်မားတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မရှိမဖြစ် အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ကြက်သား ခရမ်းချဉ်သီးသုပ် စားပေးရင် ကယ်လိုရီ အများကြီး မရရှိစေဘဲ ကျန်းမာပြီး စွမ်းအင်အပြည့်ရှိနေမှာပါ။

ပါဝင်ပစ္စည်းများ

(၁) – သံပရာရည် ထမင်းစားဇွန်း တစ်ဇွန်းခွဲ၊
(၂) – ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ နှစ်ဥ၊
(၃) – ဆား လက်ဖက်စားဇွန်း တစ်ဝက်၊
(၄) – ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း လေးပုံ တစ်ပုံ၊
(၅) – ငရုတ်သီးစိမ်း လှီးပြီး အနည်းငယ်၊
(၆) – ဒိန်ချဉ်အလွတ် ခွက်တစ်ဝက်၊
(၇) – ကြက်သားပြုတ် (စတုရန်းပုံလှီးထားပါ) သုံးခွက်၊
(၈) – ကြက်သွန်နီ ပါးပါးလှီးပြီး တစ်ခွက်၊
(၉) – တရုတ်နံနံပင် လှီးထားတာ တစ်ခွက်၊
(၁၀) – လှီးထားတဲ့ ခရမ်းချဉ်သီး နှစ်ခွက်။

ပြုလုပ်နည်း

ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်း၊ငရုတ်သီးစိမ်းနဲ့ သံပရာရည်ကို ရောမွှေပြီး ဒိန်ချဉ် ထည့်ပေးပါ။ ပြီးရင် ကြက်သားနဲ့ တခြားပါဝင် ပစ္စည်းတွေ ထည့်ကာမွှေပါ။ အိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ ကြက်သားခရမ်းချဉ်သီး သုပ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို နာမကျန်းမှု အမျိုးမျိုး မကျရောက်အောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top