Healthy Life Ad
Health Tips

သင့်ကျန်းမာရေးအတွက် အရေးပါသည့် လိုင်ကိုပင်းဓာတ်

ခရမ်းချဉ်သီးက ဘာကြောင့်နီနေရတာလဲ၊ သင်္ဘောသီးက ဘာကြောင့် ပန်းရောင်သန်းနေရတာလဲ၊ သင်စဉ်းစားဖူးပါသလား။ ခရမ်းချဉ်သီးနဲ့ သင်္ဘောသီးတွေကို အရောင်လှစေတာက လိုင်ကိုပင်းဓာတ် ပါဝင်တာကြောင့်ပါ။ လေ့လာမှုတချို့အရ ဒီလိုင်ကိုပင်းဆိုတဲ့ ဖိုင်တိုကမ်မီကယ်လ်က ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကင်ဆာကို တွန်းလှန်နိုင်တယ်လို့ သိရပါတယ်။ လိုင်ကိုပင်းဒြပ်ဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကိုပါ လျော့ကျစေနိုင်ပါတယ်။

လိုင်ကိုပင်းဓာတ်ရရှိအောင် ဘာတွေစားသင့်သလဲ . . .

လိုင်ကိုပင်းဓာတ်ပါဝင်တဲ့ အောက်ပါသစ်သီးတွေကို စားပေးသင့်တဲ့နည်းတွေ ရေးသားပေးလိုက်ပါတယ်။

ခရမ်းချဉ်သီး – ခရမ်းချဉ်သီးအမှည့်တွေကို အရည်ဖျော်ကာ လှီးထားတဲ့ အနီရောင်ငရုတ်သီးတောင့်ကိုရောပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆော့စ်အဖြစ် ပြုလုပ်ပါ။ ထမင်း၊ ခေါက်ဆွဲ စတာတွေနဲ့ တွဲဖက်စားနိုင်ပါတယ်။

ဂရိတ်ဖရုသီး- ဂရိတ်ဖရုသီးကို သင်အနှစ်သက်ဆုံး ဟင်းရွက်သုပ်ထဲမှာ ထည့်စားသင့်ပါတယ်။

မက်မွန်သီး – ကွေကာထဲမှာ မက်မွန်သီးခြောက် ဒါမှမဟုတ် မက်မွန်သီးကို ထည့်စားနိုင်ပါတယ်။

သင်္ဘောသီး – သင်္ဘောသီးကို ဒိန်ချဉ်နဲ့ ရောမွှေပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာဖျော်ရည်အဖြစ် သောက်ပါ။

Most Popular

Healthy Life Ad
To Top