Healthy Life Ad
Health Tips

အိပ်စက်ခြင်းနှင့်ပတ်သက်၍ သင်မသိသေးလောက်သော အကြောင်းများ

လရိပ်မေ

အိပ်စက်မှုက လူသားတွေအတွက် မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ မအိပ်ဘဲနဲ့ ခန္ဓာကိုယ်က လန်းဆန်းမှုရှိမှာ မဟုတ်သလို ဦးနှောက်ကလည်း အာရုံစူးစိုက်မှု ကောင်း ကောင်းမရနိုင်ပါဘူး။

အပန်းဖြေပြီး စိတ်တည်ငြိမ်စေတဲ့ ရနံ့ဟာ လူတွေကို အိပ်မောကျစေပါတယ်။ လတ်တလော သိပ္ပံနည်းကျ လေ့လာမှုအရ ကြည်နူးစရာကောင်းပြီး ရင်းနှီးကျွမ်းဝင်လွယ်တဲ့ရနံ့ကို ဦးနှောက်နဲ့ ခန္ဓာကိုယ်က သဘောကျတယ်လို့ သိရပါတယ်။ ရနံ့က ဦးနှောက်ကို ပျော်ရွှင်တဲ့ သင်္ကေတပေးပို့တာကြောင့် အပန်းပြေပြီး စိတ်သက်သောင့်သက်သာ ဖြစ်ရာက အိပ်မောကျသွားစေပါတယ်။

မျက်စိမမြင်တဲ့ သူတွေက အိပ်မက်မက်နိုင်တဲ့အတွက် ပုံရိပ်တွေကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ မျက်စိမြင်တဲ့သူတွေလို အိပ်မက်မမက်ပါဘူး။ သူတို့က အနံ့အသက်၊ စိတ်ခံစားမှု၊ အထိအတွေ့နဲ့ အသံတွေလို တခြားအာရုံခံစားမှုတွေသုံးပြီး ပုံရိပ်ဖော်ကာ အိပ်မက်မက်နိုင်ပါတယ်

အိပ်ရေးပျက်တာကြောင့် တစ်ပတ်မှာ ကိုယ်အလေးချိန် နှစ်ပေါင်နဲ့အထက် မြင့်တက်လာနိုင်ပါ တယ်။

တစ်နေ့ ခုနစ်နာရီအောက် အိပ်စက်ပါများရင် သင့်ဘဝသက်တမ်းကို လျော့ကျစေနိုင်ပါတယ်။

အိပ်တဲ့ အနေအထားက ကိုယ်ရည်ကိုယ်သွေးနဲ့ ဆက်စပ်မှုရှိပါတယ်။

သန္ဓေသားပုံစံ အိပ်စက်လေ့ရှိသူတွေက အလွယ်တကူ ရှက်တတ်၊ ဆတ်ဆတ်ထိ မခံဖြစ်တတ်ပေမယ့် ကြင်နာပြီး နွေးထွေးတဲ့ နှလုံးသားရှိပါတယ်။

ဘေးတစ်စောင်းအိပ်တဲ့သူတွေက အလွန်လူမှုဆက်ဆံရေးကောင်းမွန်ပြီး ဖော်ရွေပါတယ်။

စစ်သားပုံစံ သတိအနေအထားနဲ့ အိပ်တတ်သူတွေက ဘာသိဘာသာ နေတတ်ပေမယ့် အရေးကြုံလာရင် အကာအကွယ်ပေးတတ်သူပါ။

ကြယ်ငါးလို ခြေကားရား၊ လက်ကားရား ဆန့် ပြီး အိပ်တတ်သူက နားထောင်သူကောင်းတွေ ဖြစ်ကြပါတယ်။

နဖူးပေါ်လက်တင်ပြီး အိပ်တတ်သူတွေက စွန့်စားတတ်ပြီး အပေါင်းအသင်းဆန့်သူတွေ ဖြစ်ကြပါတယ်။

ဘေးစောင်းပြီး ကျုံ့ကျုံ့လေး အိပ်တတ်သူတွေက ပွင့်လင်းပြီး သူတို့ကိုယ်သူတို့သာမက သူတို့ဘေးက လူတွေကိုပါ အကာအကွယ်ပေးကြပါတယ်။

အိပ်စက်ချိန်အတွင်း နှာမချေနိုင်ပါဘူး။

လူတွေက ရက်အများစုမှာထက် လဆန်းရက်အတွင်း ပိုပြီး ငြိမ်းငြိမ်းချမ်းချမ်းအိပ်မောကျနိုင်တယ်၊ လပြည့်ရက်အတွင်း အိပ်စက်မှုက ထိခိုက်နိုင်ပါတယ်။

အိပ်မက်မက်တာက အိပ်စက်မှုရဲ့ ပုံမှန်အစိတ်အပိုင်းဖြစ်ပြီး အိပ်မက်မမက်ဖူးတဲ့သူတွေက ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာရှိကောင်းရှိနိုင်ပါတယ်။

အိပ်စက်မှုဆိုင်ရာ ဝေဒနာရှိသူတွေက အိပ်စက်ချိန်အတွင်း ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုကို လုပ်တတ်ပါတယ်။ အိပ်ရင်း လမ်းလျှောက်တာ၊ ကားမောင်း တာ၊ မုဒိမ်းကျင့်တာနဲ့ အကြမ်းဖက်တာတို့တောင် လုပ်တတ်ပါတယ်။
Ref: HD

Most Popular

Healthy Life Ad
To Top