Healthy Life Ad
Health Tips

တစ်ကိုယ်လုံးရှိကြွက်သားတိုင်း တင်းရင်းသန်စွမ်းစေမည့် တစ်ခုတည်းသော လေ့ကျင့်ခန်း

၊ ကိုထက် ၊

ဒီလေ့ကျင့်ခန်းက ကမ္ဘာတစ်ဝန်း ရေပန်းအစားဆုံးနဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်မျိုးထဲ ပါဝင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတင်မက တစ်ကိုယ်လုံးကကြွက်သားတွေကိုပါ သန်စွမ်းစေပါတယ်။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ငါးမိနစ် လုပ်ဆောင်ပေးရုံနဲ့ ခါးသန်စွမ်းတာ၊ အဆီပိုမရှိဘဲ တင်ပါးကျစ်လျစ်တာ၊ ခြေတံသွယ်လျတာနဲ့ ဝမ်းဗိုက်ချပ်ရပ်တာ စတဲ့ကောင်းကျိုးတွေ ပိုင်ဆိုင်စေပါတယ်။

ဒီလေ့ကျင့်ခန်းကို Plank လို့ခေါ်ပြီး လှုပ်ရှားမှုလုပ်စရာမလိုဘဲ အငြိမ်လုပ်ရတဲ့ လေ့ကျင့်ခန်းပါ။

လုပ်ရမယ့်နည်းက ကြမ်းပြင်ပေါ်မှာ မှောက်ပြီး လှဲလျောင်းကာ လက်တံတောင်ဆစ်တွေကို ၉၀ ဒီဂရီ ကွေးလိုက်ပါ။ ခန္ဓာကိုယ်က ခေါင်းအစခြေအဆုံး ဖြောင့်တန်းနေရပါမယ်။ လက်ဖဝါးနဲ့ခြေချောင်းတွေပေါ် ခန္ဓာကိုယ်သက်ရောက်ကာ ဝမ်းဗိုက်ကြွက်သားတွေပေါ် ခွန်အားကျရောက်နေပါစေ။

– တင်ပါး
တစ်ကိုယ်လုံးကြွက်သားတွေကို ဆွဲဆန့်စေပြီး သန်စွမ်းစေပါတယ်။

– ခြေချောင်း
ခြေချောင်းတွေကော့ကာ ဖိထားတာကြောင့် ဝမ်းဗိုက်ကြွက်သားတွေဆီ ဖိအားတိုးစေပြီး အဆီပို ကင်းစင်စေပါတယ်။

– ခြေထောက်

ခြေထောက်ကို ဆန့်တန်းထားတာကြောင့် ခြေ သလုံးကြွက်သားတွေကို သန်စွမ်းတင်းရင်း စေပါတယ်။

– ခါးအောက်ပိုင်း
ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ ခါးအောက်ပိုင်းက ပြားနေသင့်ပါတယ်။ ကော့မနေသင့်သလို၊ ကောက် မနေသင့်ပါဘူး။

– အစာအိမ်
ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ အသက်ရှူတာကို အောင့်ထားဖို့မလိုပါဘူး။ ဝမ်းဗိုက်က ချပ်ရပ်နေသင့်ပါတယ်။

– လက်တံတောင်

ပခုံးပေါ်မလိုအပ်တဲ့ ဝန်သက်ရောက်မှုမရှိစေဖို့ ပခုံးအဆစ်တွေအောက်မှာ လက်တံတောင်ဆစ်ကို ထောက်ထားပါ။
ဒီလေ့ကျင့်ခန်းကို စစချင်း ၁၀ စက္ကန့်လုပ်ပေးပြီး နောက်ပိုင်း ဒီကိုယ်ဟန်အနေအထားကို ထိန်းနိုင်တဲ့အခါ အချိန် ၁၀ စက္ကန့်ကနေ နှစ်မိနစ်အထိ ဖြည်းဖြည်းချင်း တိုးလုပ်သွားပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top