Healthy Life Ad
Life Style

အိမ်ထောင်သက် ၁၈ နှစ်ကြာခဲ့ပြီဖြစ်သည့် ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားဘက်ခမ်းတို့၏ လက်ထပ်ခြင်းဆိုင်ရာ မျှဝေချက်များ

၊  လရိပ်မေ  ၊

၁၉၉၉ခုနှစ်က လက်ထပ်ခဲ့ကြတဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ဟာ အခုဆိုရင်အိမ်ထောင် သက် ၁၈ နှစ်ပင် တိုင်ခဲ့ပါပြီ။ အခုအချိန်အထိ သာယာခိုင်မြဲနေဆဲ သူတို့အိမ်ထောင်ရေးမှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေသလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) ချစ်ခြင်းမေတ္တာ မျှဝေပါ

“ကျွန်မတို့တွေ နာရီဆင်တူ ပတ်ကြတယ်၊ အဝတ်ဗီရိုကို ဆင်တူဖန်တီးထားကြတယ်၊ တစ်ခါတစ်ခါမှားပြီး သုံးမိရင် ရယ်မောရပါတယ်” လို့ သားရေဂျာကင်ကို ဆင်တူဝတ်ဆင်လေ့ရှိတဲ့ ဗစ်တိုးရီးယားက ပြောပြခဲ့ပါတယ်။

(၂) တစ်ယောက် အလုပ်တစ်ယောက် စိတ်ဝင်စားပါ

“ကျွန်မက ဘောလုံးအကြောင်း အစကအများကြီးမသိပါဘူး၊ အခုတော့ ကျွန်မသိသွားပြီပေါ့” လို့ ဗစ်တိုးရီးယားက ပြောပြခဲ့ပါတယ်။

(၃) စိတ်ထားကို ချစ်ခင်တန်ဖိုးထားပါ

“ကျွန်တော်က ဗစ်တိုးရီးယားရဲ့ စိတ်နေသဘောထားကို ချစ်မြတ်နိုးတာပါ”လို့ ဒေးဗစ်က ပြောပါတယ်။

(၄) ဆွတ်ပျံ့ဖွယ်ရာ ချစ်မေတ္တာ ဖန်တီးပါ

“တစ်ယောက်ယောက်ကို ချစ်ရင် သူ့စိတ်ထဲ ကြည်နူးပြီး အံ့အားသင့်သွားအောင် လုပ်ဆောင်ပေး ဖို့လိုပါတယ်”လို့ အခုအချိန်ထိ စိတ်ကူးယဉ်ဆန်ဆန် လက်ဆောင်တွေ ပေးလေ့ရှိတဲ့ ဒေးဗစ်က ဆိုပါတယ်။

(၅) မြင်မြင်ချင်း အချစ်က အရေးပါ

“ကျွန်တော်တီဗီကြည့်ရင်း Spice Girls အဖွဲ့ရဲ့ ဖျော်ဖြေမှုကိုကြည့်ရင်း အနက်ရောင်ဝတ်စုံတိုလေးနဲ့ ကောင်မလေးကို တွေ့လိုက်ရာက လက်ထပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ဒေးဗစ်ဘက်ခမ်းက ဆိုပါတယ်။

(၆) တစ်ဦး၏ ရည်မှန်းချက်ကို တစ်ဦးက ပံ့ပိုးပါ

ဒေးဗစ်နဲ့ ဗစ်တိုးရီးယားဟာ မတူညီတဲ့ အလုပ်အကိုင်တွေရှိပေမယ့်
တစ်ယောက်ရဲ့ ရည်မှန်းချက်ကို တစ်ယောက်က ပံ့ပိုးပေးလေ့ရှိပါတယ်။

(၇) အကောင်းမြင်ပါ

“ကျွန်မ အိပ်ရာကနိုးလာတဲ့အခါ ဒေးဗစ်ကို ကြည့်မိတိုင်း ကျွန်မအတွက်
အမြဲပြည့်စုံတဲ့ အမျိုးသား တစ်ယောက်ပိုင်ဆိုင်ခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်”လို့ ဗစ်တိုးရီးယားက ဆိုပါတယ်။

(၈) အရေးကြီး အမှတ်တရများ ထိန်းသိမ်းပါ

“ဗစ်တိုးရီးယားမှာ ဘရွတ်ကလင်းကိုယ်ဝန် ရှိစဉ်က ဆေးရုံလိုက်ပို့ရတဲ့ အဖြစ်အပျက်ကို မှတ်မိနေတုန်းပဲ”လို့ သားကြီး မွေးဖွားစဉ်က အဖြစ်အပျက်ကို ဒေးဗစ်က ပြောပြခဲ့ပါတယ်။

(၉) အသင်းအဖွဲ့ကဲ့သို့ စည်းလုံးပါ

သားသုံးယောက်၊ သမီးတစ်ယောက်ဆိုပေမယ့်  အကြီးအကဲတွေလို အုပ်ထိန်းတာထက် အသင်းသားတွေလိုပဲ အုပ်ထိန်းပါတယ်လို့ ဗစ်တိုးရီးယားက ဆိုပါတယ်။

(၁၀) အတူပွဲတက်ပါ

“ကျွန်တော်နဲ့ ဗစ်တိုးရီးယားက ဘယ်တော့မဆို ဇနီးမောင်နှံနဲ့ တူအောင်နေပါတယ်။ အတူပွဲ တက်တယ်၊ အတူ တိုင်ပင်တယ်”လို့ ဒေးဗစ်ဘက်ခမ်းက ဆိုပါတယ်။

(Ref;home)

Most Popular

Healthy Life Ad
To Top