Healthy Life Ad
Health Tips

အရိုးသန်စွမ်းပြီး အရိုးပါးရောဂါ ကင်းစေမည့် သဘာဝကုထုံးများ

စူး ( ဆေးဝါးတက္ကသိုလ် )

အမေရိကန်လူမျိုး ၂၈ သန်းကျော်ဟာ အရိုးပါးရောဂါ ခံစားနေရပြီး အများစုက အမျိုးသမီးတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အရိုးပါးရောဂါ ဆိုသည်မှာ

အရိုးပါးရောဂါဟာ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ချို့တဲ့မှုကြောင့် အဖြစ်များပါတယ်။ ဗီတာမင်ကေ၊ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဇင့် (သွပ်)၊ ဘိုရွန်နဲ့ ကြေးနီ ချို့တဲ့မှုကြောင့် အရိုးပါးရောဂါရတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်း အပြောင်းအလဲကြောင့် အရိုးပါးရောဂါ ဖြစ်တတ်သလို သွေးဆုံးပြီးချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲက အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်း အထွက်နည်းတာကြောင့်လည်း အရိုးပါးရောဂါ ဖြစ် တတ်ပါတယ်။

အရိုးပါးရောဂါကို သဘာဝနည်းဖြင့် ကာကွယ်နည်း

၁။ ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ
လမ်းလျှောက်တာ၊ ခပ်သွက်သွက် လမ်းလျှောက်တာ၊ အေရိုးဗစ်လေ့ကျင့်ခန်း လုပ်တာနဲ့ က ခုန်တာတို့ကို နေ့စဉ် လုပ်ဆောင်ပေးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းနိုင်ပြီး အရိုးတွေကို သန်စွမ်းကျန်းမာစေပါ တယ်။

၂။ ဆေးလိပ်ရှောင်ပါ
စီးကရက်ထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက အမျိုးသမီးတွေကို သွေးဆုံးချိန် စောစောရောက်ရှိ စေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရိုးတစ်သျှူးတွေကို ခါတိုင်းထက် ပိုမို ဆုံးရှုံးသွားစေပါတယ်။

၃။ အရက်ကို တတ်နိုင်သမျှ ဆင်ခြင်ပါ
အရက်ကို မသောက်ဘဲနေတာ အကောင်း ဆုံးပါ။ အရက်သောက်တာများရင် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေသာမက အရိုးကိုလည်း ထိ ခိုက်စေနိုင်ပါတယ်။

၄။ ကဖင်းလျှော့သောက်ပါ
ကော်ဖီကို တစ်နေ့ ၃-၄ ခွက် မသောက်ပါနဲ့။

၅။ နေခြည်နုနု ခံယူပါ
နံနက်ခင်း နေခြည်နုနုကို ၁၅-၂၀ မိနစ်ခန့် ခံယူတာကြောင့် ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဒီ အလုံအလောက်ရရှိစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီ ယမ်စုပ်ယူမှု ကောင်းစေဖို့ ဗီတာမင်ဒီလိုအပ်ပါတယ်။

၆။ ဗီတာမင်ကေပါဝင်သော အစာများ စားပါ
အရိုးသန်စွမ်းစေဖို့ ဗီတာမင်ကေ လိုအပ်ပါတယ်။ ဗီတာမင်ကေ ပါဝင်မှုများတဲ့ အစာတွေက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ အထူးသဖြင့် ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းနဲ့ဟင်းနုနယ်ရွက် စတာတွေ ပါဝင်မှု များပါတယ်။

၇။ အိုမီဂါ ၃ ဖက်တီးအက်ဆစ် အလုံအလောက် မှီ ဝဲပါ
သင်နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် အလုံအလောက် ပါရှိတာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။ အရိုးသန်စွမ်းစေတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေက သစ်ကြားသီး၊ ပဲပုပ်စေ့၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနဲ့ ပုစွန်တို့ ဖြစ်ကြပါတယ်။

၈။ မြေပဲထောပတ် နှစ်ဇွန်း စားပါ
မြေပဲထောပတ်မှာ များစွာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ အရိုးတစ်သျှူးကို သန်စွမ်းကျန်းမာစေပါတယ်။ မြေပဲထောပတ်ကို ထမင်းစားဇွန်း နှစ်ဇွန်း စားသုံးတာကြောင့် မဂ္ဂနီဆီယမ် ၅၀ မီလီဂရမ် ရရှိစေပါတယ်။

၉။ ငှက်ပျောသီး စားပါ
ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ပါဝင်မှုများတာကြောင့် နှလုံးကိုလည်း ကျန်းမာစေတဲ့အပြင် အရိုး တွေ၊ အထူးသဖြင့် ကျောရိုးနဲ့ တင်ပဆုံရိုးတွေကို သန်စွမ်းစေပါတယ်။

၁၀။ ဒိန်ချဉ် စားပါ
ဒိန်ချဉ်မှာ ကယ်လ်စီယမ်ပါဝင်မှုများတဲ့အတွက် အရိုးတွေကို သန်စွမ်းစေပါတယ်။

၁၁။ လိမ္မော်ရည် သောက်ပါ
လိမ္မော်ရည်မှာ ဗီတာမင်စီပါဝင်တဲ့အတွက် လိမ္မော်ရည် သောက်ပေးရင် အရိုးတွေကို ကျန်းမာ သန်စွမ်းစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top