Healthy Life Ad
Health Tips

အစာစားပြီးတိုင်း ရေခဲရေသောက်တာက ကောင်းသလား၊ ဆိုးသလား

၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊

အစာစားပြီးတိုင်း ရေခဲရေသောက်ရင် ဗိုက်ထဲမှာအဆီတွေက တော်တော်နဲ့ စုပ်ယူမှုမကောင်းဘူး၊ အစာချေဖျက်နှုန်းလည်း နှေးသွားတယ်ဆိုတဲ့ ဆိုရိုးစကားတော့ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အတိအကျ သုတေသန လုပ်ထားတာတော့ မရှိပါဘူး။ ရေခဲရေသောက်လိုက်လို့ အဆီစုပ်ယူနှုန်း ဘယ်လောက်ရှိလဲဆိုတာမျိုး သေချာလေ့လာထားတာ မရှိပါဘူး။

ဒါပေမဲ့ အားကုန်ပြေးထားပြီးတဲ့ အချိန်မှာ အဲဒီလူရဲ့ သွေးကြောတွေက ကျယ်နေတယ်၊ အဲဒီလို သွေးကြောကျယ်နေချိန်မှာ ရေခဲရေသောက်လိုက်တယ်ဆိုရင် အစာအိမ်ကို လှုံ့ဆော်နေတဲ့ Vagus Nerve က အရမ်းအေးပြီး ဗိုက်အရမ်းအောင့်သွားတာမျိုးတော့ ဖြစ်တတ်ပါတယ်။ အလုပ်ကြမ်းလုပ်ပြီးချိန်၊ ပြေးထားတဲ့ အချိန်မှာ ရေခဲရေသောက်ရင်တော့ ဗိုက်အောင့်တတ်ပါတယ်။

တကယ်တော့ ထမင်းစားပြီးတဲ့အခါ လက်ဖက်ခြောက်နည်းနည်းပဲပါတဲ့ ရေနွေးကြမ်းလေး သောက်ပေးတာက ပိုကောင်းပါတယ်။

Most Popular

Healthy Life Ad
To Top