Healthy Life Ad
Health Tips

နှလုံးတုန်ခြင်းအတွက် ထိပ်တန်း အိမ်တွင်းကုထုံးများ

၊ မီမိုး (ဆေးဝါးတက္ကသိုလ်)
နှလုံးတုန်တာက ပျို့ချင်အန်ချင်ဖြစ်တာ၊ မူးဝေတာ၊ ချွေးထွက်များတာ၊ ရင်ဘတ်အောင့်တာ၊ အမြင်ဝေ၀ါးတာ၊ အသက်ရှူမဝတာ စတဲ့ ဝေဒနာတွေနဲ့ တွဲဖြစ်ရင် ပြင်းထန်တဲ့ နှလုံးရောဂါ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် နှလုံးတုန်တာကခန္ဓာကိုယ်က စိတ်ဖိစီးမှုကို တုန့်ပြန်တဲ့အနေ နဲ့ဖြစ်တတ်သလို နုံးချည့်ညောင်းညာတာ၊ စိတ်ဖိစီးမှုများတာ၊ အရက်၊ မူးယစ်ဆေးနဲ့ ကဖင်းပါတဲ့အရည် သောက်သုံးမှုများတာတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ဖြစ်တဲ့ နှလုံးတုန်တဲ့ ဝေဒနာအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးတွေရှိပါတယ်။

ချောင်းဆိုးပါ
ပုံမှန်နှလုံးခုန်နှုန်းရအောင် ထိန်းချုပ်ပေးမယ့် ထိရောက်တဲ့နည်းက အချိန်အနည်းငယ်ကြာ ချောင်းဆိုးပေးဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအခါ ရင်ဘတ်ပေါ် ဖိအားသက်ရောက်ရာက ပုံမမှန်တဲ့ နှလုံးခုန်နှုန်းကို ရပ်သွားစေပါတယ်။

ရေသောက်ပါ
နှလုံးတုန်စေတဲ့ အကြောင်းရင်းတစ်ခုက ရေဓာတ်ခမ်းခြောက်တာပဲဖြစ်ပါတယ်။ ရေခဲရေသောက်တာကြောင့် နှလုံးတုန်တဲ့ ဝေဒနာသက်သာပြီး ပုံမှန်နှလုံးခုန်သံ ဖြစ်စေပါတယ်။

ရေအေးချိုးပါ
ရေခဲရေ သောက်တာနည်းတူ ရေအေးချိုးတာ ကြောင့် နှလုံးခုန်သံကို ပုံမှန်ပြန်ဖြစ်စေပါတယ်။ ရေ အေးမချိုးနိုင်တဲ့အခါ ရေအေးနဲ့ မျက်နှာကို ပက်ဖျန်းပေးပါ။

စိတ်ဖိစီးမှုကို တွန်းလှန်ပါ
စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးတုန်တာကိုတွန်းလှန်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက စိတ်ဖိစီးမှုကို လျှော့ချဖို့ ဖြစ်ပါတယ်။ တေးသီချင်း နားထောင်တာ၊ စာရေးတာ၊ စန္ဒရားတီးတာ၊ ပန်းချီဆွဲတာ စတဲ့ အနုပညာတစ်ခုခု လုပ်ရင်း စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။ ရေချိုးတာ၊ အနှိပ်ခံတာ၊ ယောဂကျင့်တာ စတာ တွေကလည်း အကောင်းဆုံး စိတ်ဖိစီးမှုပြေလျော့ရေး နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်ကြွယ်ဝသည့် အစာများစားပါ
မဂ္ဂနီဆီယမ်ချို့တဲ့တာကြောင့် နှလုံးတုန်စေနိုင်ပါတယ်။ အဲဒါကြောင့် နေ့စဉ် စားတဲ့ အစာမှာ မဂ္ဂနီ ဆီယမ်များများပါတဲ့ အစာကို ထည့်စားပေးရမှာ ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ အကောင်းဆုံး အစာတွေက ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ အခွံမာသီး၊ အစေ့အဆန်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ မြေပဲ ထောပတ်နဲ့ ဒိန်ချဉ်တို့ ဖြစ်ကြပါတယ်။

အသက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ်ပါ
ပူပင်သောကများတာကြောင့် စိတ်ဖိစီးမှု ခံစားနေရရင် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တဲ့နည်း နဲ့ ဖြေလျှော့လိုက်ပါ။ ထိုင်ပြီး နှာခေါင်းကနေ ဖြည်းဖြည်းချင်း အသက်ရှူသွင်းကာ ဝမ်းဗိုက်ဖောင်းသွားအောင် လုပ်ပါ။ ပြီးရင် နှစ်စက္ကန့်အကြာမှာ ပါးစပ်ကနေ ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်ပါ။ နှလုံး တုန်တဲ့ ဝေဒနာသက်သာတဲ့အထိ ထပ်ကာ ထပ်ကာ လုပ်ပေးပါ။

ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ
နှလုံးတုန်တာ သက်သာစေမယ့် အထိရောက်ဆုံးနည်းလမ်းက လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်တာပါ။ တစ်နေ့မှာ မိနစ် ၂၀ ခန့် လမ်းလျှောက်တာ၊ ခပ်သွက်သွက် လမ်းလျှောက်တာ၊ ရေကူးတာ၊ကခုန်တာ၊ ကြက်တောင်ရိုက်တာ စတဲ့ လေ့ကျင့်ခန်းတွေ ကိုတစ်ပတ်ငါးကြိမ် လုပ်ပေးရုံနဲ့ ထိရောက်စေပါတယ်။
( Ref;HD )

Most Popular

Healthy Life Ad
To Top