၊ စူး(ဆေးဝါးတက္ကသိုလ်)၊
ထမင်းဖြူနဲ့ကြော်ရမှာမဟုတ်ဘဲ ဆန်လုံးညိုကို အသုံးပြုပြီး ကြော်စားရမှာဖြစ်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှု များတဲ့အပြင် ဗီတာမင်ဘီကို ရရှိစေမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
– ချက်ထားတဲ့ ဆန်လုံးညို နှစ်ခွက်၊
– ကြက်ရင်ပုံသား တစ်လက်မခွဲအရွယ် တစ်တုံး၊
– ကြက်ဥအကာတစ်လုံး၊
– ကြက်သွန်နီဥသေး တစ်လုံး (ပါးပါးလှီးထားပါ)၊
– ကြက်သွန်ဖြူတစ်ဥ (နုတ်နုတ်စင်းထားပါ)၊
– ချင်း(ဂျင်း) (နုတ်နုတ်စင်းထားတဲ့ လက်ဖက်စားဇွန်း တစ်ဇွန်း)၊
– မှိုပါးပါးလှီးထားတဲ့ တစ်ခွက်၊
– မုန်လာဥနီ ခြစ်ထားတဲ့ တစ်ခွက်၊
– ပန်းဂေါ်ဖီစိမ်း လှီးထားတဲ့ တစ်ခွက်၊
– ငရုတ်သီး ကြက်သွန်ဖြူထဲ သံပရာရည်ညှစ်ထားတဲ့ အချဉ်။
ပြုလုပ်နည်း
(၁) ဒယ်အိုးထဲမှာ ကြက်ရင်ပုံသားကို အရင်ဆုံးချက်ပါ။ ကြက်ရင်ပုံသားကို အညိုရောင်သမ်းတဲ့အထိ အချိန် ငါးမိနစ်လောက် မွှေပေးပါ။ ပြီးရင် ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။
(၂) အဲဒီဒယ်အိုးထဲမှာပဲ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီနဲ့ မှို တွေကိုရောထည့်ပြီး အပူပြင်းပြင်းနဲ့ နှစ်မိနစ်လောက် ကြော်လိုက်ပါ။ ပြီးရင် ချင်း(ဂျင်း)နဲ့ ပန်းဂေါ်ဖီစိမ်းထည့်ပြီး နှစ်မိနစ်လောက် ထပ်ကြော်လိုက်ပါ။ အဆက်မပြတ်မွှေပေးရမှာ ဖြစ်ပါတယ်။
(၃) ဒယ်အိုးကို မီးဖိုပေါ်ကချပြီး ငရုတ်သီး၊ ကြက်သွန်ဖြူထဲ သံပရာရည်ညှစ်ထည့်ထားတဲ့ အချဉ်ထည့်ကာ ချက်ထားတဲ့ ဆန်လုံးညိုရှိတဲ့ ပန်းကန်လုံးထဲ အကုန်လောင်းထည့်လိုက်ပါ။
(၄) နောက်ဆုံးမှာ ဒယ်အိုးကို မီးအေးအေးနဲ့တည်ပြီး ထမင်းကြော်ပါ။ ကြက်သားထည့်ပြီး သေချာနှံ့အောင် မွှေပါ။
(၅) နောက်ဆုံးမှာ ဆားအနေတော်ထည့်ပြီးမွှေကာ မီးဖိုပေါ်ကချကာ စားပါ။
(Ref;HD)