Healthy Life Ad
Health Tips

နံနက်စာမစားသူများ တစ်နှစ်ကျော်အတွင်း ကိုယ်အလေးချိန် ၂၆ ပေါင် မြင့်တက်စေနိုင်

———၊ ကိုထက် ၊———

တစ်ပတ်မှာသုံးကြိမ်ခန့် နံနက်စာမစားဘဲ နေတတ်သူတွေက တစ်နေ့ကယ်လိုရီအပို ၂၅၂ ရယူနိုင်ခြေ နှစ်ဆပိုများကြောင်း လေ့လာမှုအသစ်အရ သိရပါတယ်။ တစ်နေ့တာရဲ့ ပထမဆုံးအစာကို ရှောင်ရှားတာကြောင့် သရေစာစားချင်စိတ်တိုးပြီး တစ်နှစ်အတွင်း ကိုယ်အလေးချိန် ၂၆ ပေါင်ခန့် မြင့်တက်စေနိုင်ကြောင်း လေ့လာမှုအရ သိရပါတယ်။ မနက်စာအကြောင်း စစ်တမ်းတစ်ခုအရ မနက်စာမစားဘဲ ရှောင်လေ့ရှိသူတွေကြား ရေပန်းစားတဲ့ သရေစာတွေကတော့ ချောကလက်၊ ဘီစကွတ်မုန့်နဲ့ အာလူးကြော်တွေဖြစ်တယ်လို့ သိရပါတယ်။

လူ ၁၀ ဦးမှာ တစ်ဦးနှုန်းက တစ်ပတ်တာအတွင်း နံနက်စာစားလေ့မရှိကြောင်း၊ လူသုံးပုံတစ်ပုံကျော် (၃၇ ရာခိုင်နှုန်း)က အလုပ်လုပ်တဲ့ ရက်တွေအတွင်း နံနက်စာမစားဖြစ်ကြောင်း စစ်တမ်းအရ သိရပါတယ်။ အရွယ်ရောက်သူ နှစ်ထောင်ခန့်ကို လေ့လာမှုစစ်တမ်းအရ နံနက်စာရှောင်သူ ၄၅ ရာခိုင်နှုန်းဟာ နေ့ခင်းမရောက်ခင် ဗိုက်ဆာတတ်ပြီး ၃၀ ရာခိုင်နှုန်းက မောပန်းခြင်းနဲ့ စွမ်းအင်မရှိခြင်းတို့ ခံစားရတတ်ကာ ၁၄ ရာခိုင်နှုန်းက စိတ်ညစ်ရတတ်ကြောင်း သိရပါတယ်။

မနက်စာရှောင်လေ့ရှိသူတွေက ချောကလက်စားနှုန်း ၂၇ ရာခိုင်နှုန်း ပိုများပြီး နေ့လယ်စာမှာ သကြားပါတဲ့ အချိုရည်သောက်သုံးဖြစ်ကြောင်း လေ့လာမှုစစ်တမ်းအရ သိရပါတယ်။ အကြောင်းကတော့ မနက်စာရှောင်တာက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး သရေစာစားချင်စိတ် ပြင်းပြမှုရှိတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။ “မနက်စာစားတာကြောင့် စိတ်ခံစားမှု၊ စွမ်းအင်နဲ့ အာရုံစူးစိုက်မှုတို့ ကောင်းမွန်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ မနက်စာ ပုံမှန်စားလေ့ရှိသူတွေက မစားသူတွေထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ခြေ ပိုများပါတယ်” လို့ လေ့လာသူ မစ်ဂိုဗင်ဂျီက ပြောကြားခဲ့ပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top