Healthy Life Ad
Health Tips

ဒီည အိပ်ရေးဝ၀ အိပ်ပျော်ပါစေ

စူး (ဆေးဝါးတက္ကသိုလ် )

တချို့လူတွေမှာ ညည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ ခက်ခဲနေတတ်ပါတယ်။ အဲဒီအခါ နောက် တစ်နေ့မှာ လန်းလန်းဆန်းဆန်းမရှိဘဲ ပင်ပန်းနွမ်းနယ်နေတတ်တဲ့အတွက် ဒီညကစပြီး သင်အိပ်ရေး ဝ၀ အိပ်ပျော်စေဖို့ အကြံပြုချက်တချို့ကို မျှဝေလိုက်ပါတယ်။

(၁) အိပ်စက်မှုကို နှောင့်ယှက်သည့် ဓာတုပစ္စည်းများ ရှောင်ပါ
ဓာတုပစ္စည်းတွေ မှီဝဲတာကြောင့် အိပ်မပျော်တတ်ပါဘူး။ လက်ဖက်ရည်၊ ချောကလက်၊ ကိုလာ၊ ကော်ဖီစတဲ့ အစားအသောက်တွေထဲမှာ ကဖင်းဓာတ် ပါဝင်တာကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါ တယ်။ ဒါ့အပြင် စီးကရက်ထဲက နီကို တင်းဓာတ်နဲ့ အရက်ထဲက အယ်လ်ကိုဟောဟာ အိပ်ရေးပျက်စေနိုင်ပါတယ်။

(၂) အသံလုံသော အခန်းထဲ အိပ်စက်ပါ
အသံလုံတဲ့ အခန်းထဲမှာ အိပ်စက်အနားယူဖို့ လိုပါတယ်။ ဒါမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျမှာပါ။

(၃) အိပ်ရာဝင်ချိန် အလေ့အထကို တည်ဆောက်ပါ
အိပ်ချိန် ပုံမှန်အလေ့အကျင့်လုပ်ထားရင် ကလေးတွေလိုပဲ လူကြီးတွေကလည်း အိပ်ချိန်ရောက် ပြီဆိုတာ ဦးနှောက်ကို အချက်ပြ သင်္ကေတပေးပို့လေ့ရှိပါတယ်။ ဥပမာ- အိပ်ခါနီးတိုင်း ရေချိုးတာ၊ စာဖတ်တာ၊ တရားထိုင်တာစတဲ့ အကျင့်လေးတွေ လုပ်ထားပါ။ အိပ်တဲ့အချိန်မှာ စိတ်ဖိစီးမှုများစေမယ့် အပြုအမူတွေကို လုပ်မိရင် ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုဟော်မုန်းတွေများပြီး အိပ်စက်မှုကို အဟန့်အ တားဖြစ်စေနိုင်ပါတယ်။

(၄) ပင်ပန်းသည့်အခါ အနားယူပြီး အိပ်စက်ပါ
ရုန်းကန်လှုပ်ရှားရတာကြောင့် စိတ်ပင်ပန်းမှုတွေများလာပြီး လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ ခက်ခဲလာပါတယ်။ ပင်ပန်းတဲ့အခါ စိတ်ကို အ နားယူပြီး တစ်ကိုယ်လုံး တောင့်တင်းနေတဲ့ ကြွက်သားတွေကို ဖြေလျှော့ကာ အိပ်စက်ပေးပါ။

(၅) သဘာဝအလင်းရောင်၏ ကောင်းကျိုးကို ရယူပါ
ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို သဘာဝ အလင်းရောင်က ထိန်းညှိထားပါတယ်။ ဒါကြောင့် အခန်းထဲကို သဘာဝအလင်းရောင် ဖြာကျလာတဲ့အခါ လူတွေ အိပ်ရာကနိုးလာတတ်ပါတယ်။ နေ့ဘက်မှာ သင့်အိပ်ခန်းကို သဘာဝအလင်းရောင်ဝင်စေပြီး ညဘက်မှာ လုံးဝအမှောင်ချထားတာက ကောင်းကောင်း အိပ်မောကျစေပါတယ်။

(၆) ညစာစားပြီးပြီးချင်း တစ်ရေးမအိပ်ပါနှင့်
ညစာစားပြီး ဗိုက်ပြည့်လွန်းနေချိန်မှာ လူအ များစုက အိပ်ငိုက်တတ်ပါတယ်။ အဲဒီအချိန်မှာ မအိပ်ပါနဲ့။ ဗိုက် ပြည့်တင်းနေတဲ့အတွက် အိပ်ချိန်အတွင်း အိပ်မောကျဖို့ ခက်ခဲနိုင်လို့ပါ။ ညစာ စားပြီး အချိန် သုံးနာရီခြားပြီးမှ အိပ်စက်သင့်ပါတယ်။

(၇) သင့်ခန္ဓာကိုယ်၏ အိပ်စက်မှုစက်ဝန်းနှင့် လိုက် လျောညီထွေ ရှိပါစေ
အားလပ်ရက်ဖြစ်နေရင်တောင် အလုပ်လုပ်တဲ့ နေ့ရက်တွေအတိုင်း အိပ်စက်ပါ။ ဒါမှသာ ခန္ဓာကိုယ်ရဲ့ အိပ်-နိုး စက်ဝန်းအတိုင်း ဟန်ချက်ညီမျှနေမှာ ဖြစ်ပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top