Healthy Life Ad
Health Tips

ဆေးလိပ်သောက်သူတို့အတွက် ခန္ဓာကိုယ်ထဲမှ နီကိုတင်းဓာတ်ကို ဖယ်ထုတ်နိုင်မည့် အစာ ၆ မျိုး

၊  စူး (ဆေးဝါးတက္ကသိုလ်)  ၊

ဆေးလိပ်သောက်တယ်ဆိုတာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကျန်းမာရေး ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ အမေရိကန်မှာ လူဦးရေ ငါးသိန်းလောက်က နှစ်စဉ် ဆေးလိပ်သောက်တာကြောင့် သေဆုံးနေကြပါတယ်။ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းတွေက ကင်ဆာရောဂါ၊ လေဖြတ်တာ၊ အသက်ရှူခြင်းဆိုင်ရာ ပြဿနာနဲ့ တခြား ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်ရတာပါ။ စီးကရက်တစ်လိပ်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းထောင်ပေါင်းများစွာ ပါဝင်ပါတယ်။ လူတွေ စီးကရက်ကို စွဲလမ်းရတဲ့ အကြောင်းရင်းက အဓိကပါဝင်ပစ္စည်း  နီကိုတင်းကြောင့် ဖြစ်ပါ တယ်။ သွေးကြောဟာ နီကိုတင်းဓာတ်ကို မြန်မြန် စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ထဲရောက်ပြီးနောက် ဦးနှောက်ဆီရောက်ဖို့ စက္ကန့် ၃၀ ကြာပါတယ်။ အဲဒီနောက် ဦးနှောက်ကနေ စိတ်ကြည်နူးစေတဲ့ ခံစားချက်ဖြစ်စေတဲ့ ဓာတ်တွေ ထွက်ရှိလာတဲ့အတွက် စီးကရက်ကို စွဲလမ်းရတာပါ။ သတင်းကောင်းတစ်ခုအနေနဲ့ ခန္ဓာကိုယ်ထဲကနေ နီကိုတင်းဓာတ်ကို ဖယ်ရှားနိုင်တဲ့ အစားအသောက်တွေရှိနေတာပဲ ဖြစ်ပါတယ်။

– ရေ

ဆေးလိပ်သောက်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်လာပါတယ်။ ရေများများသောက်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ် ပြန်လည်ပြည့်ဝစေပြီး ခန္ဓာကိုယ်ထဲကနေ နီကိုတင်းဓာတ်ကို ဖယ်ထုတ်ပေးနိုင်ပါတယ်။

– ကီဝီသီး

ဆေးလိပ်သောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီးပမာဏ လျော့ကျနေ တတ်ပါတယ်။ အဲဒီဗီတာမင်ဓာတ်တွေများစွာ ပါဝင်တဲ့ ကီဝီသီး စားပေးလိုက်ပါ။

– ဟင်းနုနယ်ရွက်

ဟင်းနုနယ်ရွက်မှာ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်မှုများပါတယ်။

– မုန်လာဥနီဖျော်ရည်

နီကိုတင်းဓာတ်က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ မုန်လာဥနီဖျော်ရည် သောက်သုံးပြီး အသား အရေကို ပြန်လည် ထိန်းသိမ်းစောင့်ရှောက်လိုက်ပါ။ ဗီတာမင်အေ၊ ကေ၊ စီနဲ့ ဘီတို့ များများ ပါဝင်တဲ့ မုန်လာဥနီဖျော်ရည် သောက်တာကြောင့် ခန္ဓာကိုယ်ထဲက နီကိုတင်းဓာတ်ကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။

– လိမ္မော်ရည်

လိမ္မော်ရည်ကို ပုံမှန်သောက်တာကြောင့် စိတ်ဖိစီးမှု လျော့ကျပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်း စေပါတယ်။

– ပန်းဂေါ်ဖီစိမ်း

ခန္ဓာကိုယ်ထဲမှာ လျော့ကျသွားတဲ့ ဗီတာမင် B5 နဲ့ ဗီတာမင်စီအဆင့်ကို ပြန်လည်အားဖြည့်စေဖို့ ပန်းဂေါ်ဖီစိမ်းကို စားပေးရပါမယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top