Healthy Life Ad
Health Tips

လေပွလေထခြင်းကြောင့် စိတ်ညစ်စရာ မလိုတော့မည့် နည်းလမ်းကောင်း ရှစ်သွယ်

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

အစာစားပြီး ဗိုက်ပြည့်တဲ့အခါ လေပွတာ၊ လေထတာနဲ့ လေချဉ်တက်တာ စတဲ့ဝေဒနာတွေ ရတတ်ပါတယ်။ အစာခြေလမ်းကြောင်း ကြွက်သားတွေ ထိခိုက်တဲ့အခါ၊ အစာအိမ်ထဲမှာ လေထွက်နှုန်းများတဲ့အခါ မသက်မသာ ဝေဒနာခံစားရပြီး လေပွ၊ လေထ တတ်ပါတယ်။

(၁) ဓာတ်မတည့်သော အစာများ ရှောင်ပါ
ကိုယ်နဲ့ဓာတ်မတည့်တဲ့ အစာစားမိတဲ့အခါ ဒါမှမဟုတ် ဂလူတင်နဲ့ မတည့်တဲ့သူတွေမှာ ဘာလီလိုဂလူတင်ပါတဲ့ အစာစားမိတဲ့အခါ လေပွလေထ တတ်ပါတယ်။ ဒါကို သတိထားပါ။

(၂) လေပွလေထစေသော အစာများ သတိထားပါ
တချို့လူတွေမှာ အစာတစ်မျိုး စားလိုက်တာနဲ့ လေပွလေထ တတ်ပါတယ်။ အဲဒီအစာတွေကို မှတ်ထားပြီး လျှော့စားပါ။ များသောအားဖြင့် ကြက်သွန်နီ၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်၊ ပဲသီး၊ ကြက်သွန်ဖြူ၊ ဖရဲသီး စတာတွေကို များများစားရင် လေပွလေထ တတ်တယ်လို့ ဆိုကြပါတယ်။

(၃) ဝမ်းမချုပ်ပါစေနှင့်
ဝမ်းချုပ်တာက အစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဝမ်းချုပ်တဲ့သူတွေက လေပွတတ်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ပါတဲ့ အစာများများစားတာ၊ မဂ္ဂနီဆီယမ်အားဆေး မှီဝဲတာတို့က ဝမ်းချုပ်တာကို သက်သာစေပါတယ်။

(၄) မုန်ညင်းဆီ လိမ်းပါ
အစာခြေလမ်းကြောင်းစနစ်ရှိ ကြွက်သားတွေ ရဲ့ လုပ်ငန်းဆောင်တာက ပြောင်းလဲတဲ့အခါ လေပွ တတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ မုန်ညင်းဆီကို ရင်ဘတ်ပေါ် လိမ်းပေးပါ။

(၅) လေထစေသော အစာများ ရှောင်ပါ
အစာခြေလမ်းကြောင်းမှာ လေထစေတဲ့ အကြောင်းနှစ်ခုက အူထဲမှာတွေ့ရတဲ့ ဘက်တီးရီးယားပိုးနဲ့ စားသောက်လိုက်တဲ့အခါ မျိုချမိတဲ့လေတွေကြောင့် ဖြစ်ပါတယ်။ ကာဗွန်ပါတဲ့ အမြှုပ်ထအချိုရည်တွေက ကျန်းမာရေးအတွက် အဆိုးဆုံးအရည်တွေပါ။ အဲဒီအရည်တွေမှာ ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့ လေပူဖောင်းတွေ ပါတဲ့အတွက် အစာအိမ်ထဲရောက်ရှိချိန်မှာ လေထစေပါတယ်။ ပိုက်နဲ့ အရည်သောက်တဲ့အခါ၊ စကားပြောရင်း အစာစားတဲ့အခါ ပီကေဝါးတဲ့အခါ လေတွေကို မျိုချသလို ဖြစ်စေပါတယ်။ ဒါကလည်း လေထစေတဲ့ အချက်ပါ။ ပဲနီလေး၊ ပဲသီး၊ ကုလားပဲ စတဲ့အစာတွေကို များများစားရင်လည်း အစာကြေညက်မှုကို နှေးစေပြီးလေထ၊လေပွ စေပါတယ်။

(၆) တစ်ထိုင်တည်းနှင့် အများကြီး မစားသင့်
အစာတွေကို တစ်ထိုင်တည်းနဲ့ အများကြီးစားလိုက်တာကြောင့် လေပွလေထတဲ့ ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာစားတဲ့ပမာဏကို တတ်နိုင်သမျှ လျှော့ချပေးပါ။ အစာကို နည်းနည်းနဲ့ မကြာခဏစားရင် ဗိုက်ဆာတာကို သက်သာစေသလို သေချာကြိတ်ဝါးစားဖြစ်တဲ့အတွက် လေပွတာလည်း မဖြစ်တော့ပါဘူး။

(၇) အကျိုးပြုဘက်တီးရီးယား မှီဝဲပါ
လေပွစေတဲ့ အကြောင်းတစ်ခုက အူလမ်းကြောင်းထဲရှိ ဘက်တီးရီးယားကနေ လေထုတ်လို့ပါ။ အကျိုးပြုဘက်တီးရီးယား တချို့အမျိုးအစားတွေက လူနာတွေမှာ လေပွတာနဲ့ လေထတာကို သက်သာစေပါတယ်။ ဒါကြောင့် လေပွ၊ လေထတဲ့ ဝေဒနာမဖြစ်စေဖို့ အကျိုးပြုဘက်တီးရီးယား မှီဝဲသင့်ပါတယ်။

(၈) အချိုတုကို သတိထား ရှောင်ကြဉ်ပါ
သကြားမပါဘူးဆိုတဲ့ ပီကေလို သရေစာထဲမှာ အချိုတု ပါဝင်နေပါတယ်။ အချိုတုက အစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာရစေတဲ့အတွက် သတိထားသင့်ပါတယ်။ Mannitol၊ Xylitol နဲ့ ှSorbitol စတဲ့ အချိုတုတွေကို ရှောင်ပါ။

(Ref;HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top